ချမ်းအေးသာစံမြို့နယ်ရှိ “ဂျပန်” နာရီစတိုးဆိုင်အား အမျိုးသားနှစ်ဦးမှ သေနတ်ပြ လုယက်မှုဖြစ်ပွား


(မှုခင်း) ဇွန်လ ၁၂

မန္တလေးတိုင်းဒေသကြီး ၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအရှေ့ရပ်ကွက်၊ ၃၃×၃၄ လမ်းကြား၊ ၈၁×၈၂ လမ်းကြားရှိ “ဂျပန်” နာရီစတိုးဆိုင်အား အမျိုးသားနှစ်ဦးမှ သေနတ်ပြ လုယက်မှုဖြစ်ပွားကြောင်း သိရသည်။

ယမန်နေ့ညနေ ၅ နာရီကျော်အချိန်ခန့်က “ဂျပန်” နာရီစတိုးဆိုင်သို့ ယာဥ်အမှတ်၊ MDY-47/W/84995၊ ဆိုင်ကလုံးအမျိုးအစားဖြင့် အမျိုးသား တစ်ဦး ရောက်ရှိလာပြီး AC နာရီပြရန်ပြောကြားခဲ့ရာ အရောင်းဝန်ထမ်း မခင်မျိုးသက်က ကောင်တာအတွင်းမှ AC အမျိုးအစား အမျိုးသားပတ် နာရီ ၃ လုံးအား ပြသခဲ့ကြောင်း၊ ထိုသို့ပြသနေစဥ် နောက်ထပ် အမျိုးသား တစ်ဦးထပ်မံရောက်ရှိလာပြီး ပစ္စတိုအမျိုးအစား ငွေရောင်သေနတ် ၁ လက်အားထုတ်ပြကာ ၎င်းသည် နန်းတွင်းထဲမှဖြစ်ကြောင်းနှင့် ဖုန်းအတွင်း ပျောက်ကျားယူနီဖောင်းဝတ်ထားသည့် ပုံ ၁ ပုံအား ပြသကာ AC အမျိုးအစား အမျိုးသားပတ်နာရီ ၃ လုံး(စုစုပေါင်းတန်ဖိုးငွေ ၂၁ သိန်းခန့်)အား ယူဆောင်ထွက် ပြေးသွား ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ် ဖြစ်ပွားရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ကြပြီး တရားခံများဖမ်းဆီးရမိရေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN