
(ပြည်တွင်း) ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်အတွင်းမှာပျက်ကျခဲ့သည့် တိုက်ခိုက်ရေးလေယာဉ်ဟာ လေ့ကျင့်ပျံသန်းနေစဉ် ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ◌ျ်သည့်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထာစည်။
တပ်မတော်(လေ)မှ တိုက်ခိုက်ရေးလေယာဉ်တစ်စီးသည် လေ့ကျင့်ပျံသန်းရေး ဆောင်ရွက်စဉ် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာ၏ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ စပါးစေ့ကျေးရွာ အနီးသို့အရောက် ရုတ်တရက်စက်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကာ မြေပြင်ပေါ်သို့ ပျက်ကျခဲ့ပြီး မီးလောင်မှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ လေယာဉ်ပျက်ကျခဲ့သည့် နေရာတစ်ဝိုက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင်များကသွားရောက်၍ လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး သက်ဆိုင်ရာတာဝန်ရှိသူများက လေယာဉ်စက်ချို့ယွင်းမှုအကြောင်းအရင်းအား စုံစမ်းစစ်ဆေးမှုများဆက်လက်ဆောင်ရွက်လျက်ရှိနေသည့်ဟု ထုတ်ချက်တွင်ပါရှိသည်။
အကြမ်းဖက်လော်ဘီချန်နယ်များနှင့် ပြည်ပသတင်းချန်နယ်များတွင် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက ကန်ထောင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း စစ်တပ်ရဲ့ တိုက်လေယာဉ် တစ်စင်းကို ပြည်သူ့လွတ်မြောက်ရေးတပ်(PLA) ဒီနေ့လယ်ပိုင်းမှာ ပစ်ချခဲ့တယ်လို့ ရေးသားပြောဆိုနေကြတာဖြစ်ပါတယ်။