ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ခ်ကို စပါးအသင်းနည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးနေ

(အားကစား) ဇွန် ၁၀

စပါးအသင်းဟာ နည်းပြသစ်အဖြစ် ဘရန့်ဖို့ဒ်အသင်းနည်းပြ သောမတ်စ်ဖရန့်ခ် ကို ခန့်အပ်ဖို့ ဆွေးနွေး နေပြီလို့ BBC Sport က ဖော်ပြချက်အရ သိရပါတယ်။ အသက် ၅၁ နှစ်အရွယ်ပြီ ဖြစ်တဲ့ ဒိန်းမတ်လူမျိုး ဖရန့်ခ် ဟာ ပိုစတီကိုဂလူး ကို ရာထူးက ထုတ်ပယ်ပြီးကတည်းက စပါးအသင်းနည်းပြသစ်အဖြစ် ရေပန်းအစားဆုံးဖြစ်နေခဲ့ပါတယ်။

နည်းပြအသစ်အဖြစ် ခန့်အပ်ရန် ဆွေး‌နွေးနေတဲ့ နည်းပြဖရန့်ခ်ဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပြီး စပါးအသင်းအနေနဲ့ ခေါ်ယူမည်ဆိုပါက လျော်ကြေး ပေါင် ၁၀ သန်းအထက် ပေးရမှာ ဖြစ်ပါတယ်။

ဘရန့်ဖို့ဒ်အသင်းကလည်း ဖရန့်ခ်အနေနဲ့ စပါးအသင်းသို့ သူ့ရဲ့နည်းပြအဖွဲ့ဝင်များမှ မည်သူတွေကို ခေါ်ဆောင်သွားမလဲဆိုတဲ့ အချက်ပေါ်မူတည်ပြီး လျော်ကြေးငွေပမာဏ အပြောင်းအလဲရှိနိုင်ပါတယ်။

ဖရန့်ခ် က ဘရန့်ဖို့ဒ်အသင်းကို ၂၀၁၈ ခုနှစ်မှာ စတင်တာဝန်ယူပြီး ပရီးမီးယားလိဂ်သို့ တန်းတက်နိုင်အောင် စွမ်းဆောင် ပေးခဲ့ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲရာသီမှာ ဘရန့်ဖို့ဒ်အသင်းဟာ အဆင့် ၁၀ နေရာ ရပ်တည်နေခဲ့ပြီး စပါးအသင်းထက် ၁၈ မှတ် အသာ ရယူနိုင်ခဲ့ပါတယ်။