ပါလက်စတိုင်းထောက်ခံသူတစ်ဦး တိုက်ခိုက်မှုကြောင့် လူ ၈ ဦး ဒဏ်ရာရ

(နိုင်ငံတကာ) ဇွန် ၂

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်တွင် ဇွန်လ ၁ ရက်နေ့က ပါလက်စတိုင်းထောက်ခံသူတစ်ဦး တိုက်ခိုက်မှုကြောင့် လူ ၈ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ကော်လိုရာဒိုပြည်နယ် ဒန်ဗာဒေသရှိ လူသိများသည့် Pearl Street Mall ရှေ့တွင် ဟားမတ်စ်တို့ဖမ်းဆီးထားသည့် ဓားစားခံများလွတ်မြောက်ရေး ဆန္ဒထုတ်ဖော်နေသည့် လူစုလူဝေးအား မိုလိုတော့ဗ် မီးပုလင်းများဖြင့်တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

တိုက်ခိုက်သူသည် ခန္ဓာကိုယ်အပေါ်ပိုင်း အဝတ်ဗလာဖြင့်  “ပါလက်စတိုင်းလွတ်မြောက်ရေး” ဟု အော်ဟစ်ကာ ပစ်ပေါက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း FBI ကဆိုသည်။

တိုက်ခိုက်မှုတွင် အသက် ၅၂ နှစ်မှ ၈၈ နှစ်ကြား လူ ၈ ဦး မီးလောင်ဒဏ်ရာရရှိခဲ့ပြီး တိုက်ခိုက်သူမှာ အီဂျစ်နိုင်ငံသား Mohamed Sabry Soliman အသက် ၄၅ နှစ် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်ထားသည်။

#PAN