(မှုခင်း) ဇွန် ၂
တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်၊ နယ်မြေ(၂)၊ ဟွေနမ့်လင်းကျေးရွာက ဒေါ်နန်းတော့ရဲ့ နေအိမ်ခြံဝင်းအတွင်းမှာ ငှားရမ်းနေထိုင်နေတဲ့ ထိုင်းနိုင်ငံသား ၂ ဦးထံက မူးယစ်ဆေးဝါတွေဖမ်းဆီးရမိတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံသား မစ္စတာဖနပ်ဆက် ရိပ်ပုန်းင်နဲ့ မစ္စ ဝနိဒါကျတျောက်)တို့နေအိမ်တဲကို နေအိမ်တဲအတွင်း ကို လုံခြုံရေးပူးပေါင်းအဖွဲ့တွေက သက်သေတွေနဲ့အတူ ဒီနေ့ ဝင်ရောက်ရှာဖွေခဲ့ကြရာ သူတို့ ၂ ဦးအိပ်တဲ့ အိပ်ရာဘေးက အဖြူရောင်ကြွပ်ကြွပ်အိတ်အတွင်းမှာ Y1 တံဆိပ်ပါ ဖယောင်းစက္ကူနဲ့ တစ်ထပ်၊ အဖြူရောင်မှိုင်းကိုင်စက္ကူနဲ့တစ်ထပ်ထုပ်ပြီး အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်ငယ် ၁ အိတ်ကို WY စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၆၀၀၀ ပြားပါ အထုပ်ကြီး ၁ ထုပ်နဲ့ အပြာရောင် ပလတ်စတစ်ကပ်ခွာအိတ်ငယ် ၁အိတ်ကို WY စာတန်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၂၀၀ ပြားစီပါ၂၅ ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား ၁၁၀၀၀ ပြား၊ အလေးချိန် ၈၈၀ ဂရမ်ခန့် (ဒေသတန်ဖိုး တစ်ပြားကို ငွေ ၇၀၀ ကျပ်နှုန်း ဒေသတန်ဖိုးငွေကျပ် ၇၇ သိန်း)နဲ့ လက်ကိုင်ဖုန်း ၄ လုံးကို သိမ်းဆည်းရမိခဲ့တယဖြး်တယ်လို့ သိရပါတယ်။
စစ်ဆေးချက်တွေအရ ထိုင်းနိုင်ငံသား မစ္စတာဖနပ်ဆက် ရိပ်ပုန်းင်ဟာ ၂၀၂၄ ခုနှစ်၊ ဧပြီလ(သင်္ကြန်ကာလ)မှာ မြန်မာ-ထိုင်းနယ်စပ် မယ်ဆိုင်ရေချောင်းကတစ်ဆင့် တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ ပါခုတ်ကျေးရွာကို တရားမဝင်ဖြတ်သန်းဝင်ရောက်ခဲ့ကာ တာချီလိတ်မြို့ကိုလာရောက်နေထိုင်ခဲ့သလို မစ္စ ဝနိဒါကျတျောက်ဟာလည်း မြန်မာ-ထိုင်းနယ်စပ် အမှတ်(၁) ချစ်ကြည်ရေး တံတားကတစ်ဆင့် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်နဲ့ တရားဝင် ဝင်ရောက်ခဲ့သူတွေဖြး်တယ်လို့ သိရပါတယ်။
သူတို့ ၂ ဦးဟာ တာချီလိတ်မြို့မှာ ကြုံရာကျပန်း လုပ်ကိုင်နေထိုင်ခဲ့ပြီး ယခင်က ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှာ နေထိုင်ခဲ့သူများဖြစ်ပေမယ့် စီးပွားရေးအဆင်မပြေတာကြောင့် တာချီလိတ်မြို့တွင် အလုပ်အကိုင်ရှာဖွေနေတာဖြစ်တယ်လို့လည်း သိရပါတယ်။
ထိုင်နိုင်ငံသား ၂ ဦး ဌားရမ်းနေထိုင်နေတဲ့ နေအိမ်ခြံဝင်းအတွင်းရှိ နေအိမ်တဲကို လွန်ခဲ့တဲ့ ၁ လခန့်က အိမ်ရှင်ဖြစ်သူထံမှာ တစ်လကို ထိုင်းဘတ်ငွေ ၃၀၀၀ နှုန်းပေးကာ နေထိုင်ခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
သိမ်းဆည်းရမိတဲ့ စိတ်ကြွဆေးပြားတွေကို မေလ ၃၀ ရက်နေ ညနေ ၃ နာရီ အချိန်ခန့်မှာ တာချီလိတ်မြို့နယ် လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရာဘာခြံမှာ နေထိုင်သူက ဆိုင်ကယ်နဲ့ လာရောက်ပို့ဆောင်ရောင်းချထားတဲ့ စိတ်ကြွဆေးပြား ၆၀၀၀ ပြားစီပါ ၂ စည်းအနက်က သူတို့ ၂ ဦး သုံးစွဲ/ရောင်းချရာက ကျန်ရှိတဲ့ ပစ္စည်းတွေဖြစ်တယ်လို့လည်း သိရပါတယ်။
စိတ်ကြွဆေးပြား ၆၀၀၀ ပြားပါ ၁ စီးကို ထိုင်းဘတ်ငွေ ၁၉၅၀၀ နှုန်းနဲ့ ဝယ်ယူခဲ့ပြီး ၆၀၀၀ ပြားပါ ၁ စီးကို ထိုင်းဘတ်ငွေ ၂၁၀၀၀ နှုန်းနဲ့ ပြန်လည်ရောင်ချနေတယ်လို့လည်း သိရပါတယ်။
မူးယစ်ဆေးဝါးတွေရောင်းချ သုံးစွဲနေတဲ့ ထိုင်းနိုင်ငံသား ၂ ဦးကို ဥပဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
#PAN