ဇူလိုင် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာ – ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ ယမန်နေ့ တွင် ညပိုင်းတွင်သာ အဓိကဖွင့်လှစ်နေသည့် KTV များစွာအနက် နာမည် ကြီး KTV ၆ ဆိုင်ကို နေ့ပိုင်းတွင် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးပြီး ၅ ဆိုင်ကို သတ် မှတ်စည်းကမ်းချက်များကို မလိုက်နာ၍ဟုဆိုကာ ယာယီပိတ်ခိုင်းထားကြောင်း၊ ကျန် KTV ၁ဆိုင်ကို လိုက်နာရန် လိုအပ်ချက်များရှိနေ၍ သတိပေးထားကြောင်း သိရှိရပါသည်။
သတ်မှတ်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ထားခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိရသည့် KTV ၆ ဆိုင်အနက် ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ ရွှေဘူးသီး KTV၊ ကြီးမြတ်သောရွှေမြင်း PUB၊ ကိုးထပ် KTV၊ ဟိုတယ်တာချီလိတ်အတွင်းရှိ DAT Bar & KTV နှင့် ခမရ (၃၃၁)တပ်အနီးရှိ Harry Potter KTV စသည့် KTV ၅ ဆိုင်ကို ယာယီပိတ်ခိုင်းထားပြီး သတ်မှတ်စည်းကမ်းချက်များကို လိုက်နာမှသာ ပြန်လှည်ဖွင့်လှစ်ခွင့်ရရှိမည်ဖြစ်ပြီး ကျန် KTV တစ်ဆိုင်ဖြစ်သော 1G1 KTVမှာလည်း လိုက်နာမှု အနည်း ငယ်ရှိနေ၍ သတိပေးခဲ့ကြောင်း၊ ယခုလို စစ်ဆေးခြင်းသည် တာချီလိတ်မြို့တမြို့တည်း မဟုတ်ဘဲ ညွှန်ကြားချက်အရ တစ်နိုင်ငံလုံးရှိ မြို့နယ်အသီးသီးတွင် KTV Night Clubi Bar နှင့် စား သောက်ဆိုင်များရှိUnplugged များကို စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
လုပ်ငန်းလိုင်စင် ဖြင့် အရက်ဘီယာရောင်းချမှုများကို ယစ်မျိုးလိုင်စင် ရှိ/ မရှိ ၊ ၎င်းတို့အနေဖြင့် သတ် မှတ်စည်း ကမ်းများကိုလိုက်နာခြင်း ရှိ မရှိ စစ်ဆေးခဲ့ကြောင်း၊ ယခုကဲ့သို့ စစ်ဆေးခြင်းများသည် တာချီလိတ်တမြို့တည်းမဟုတ်ပါဘဲ ဗဟိုအဖွဲ့၏ ညွှန်ကြား ချက်အရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်မြို့နယ်အသီးသီး ၌ စစ်ဆေးမှုများပြု လုပ်နေခြင်း လည်းဖြစ်ကြောင်း တာချီလိတ်မြို့နယ် ဗီဒီယိုလုပ်ငန်း စိစစ်ကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင် တစ်ဦးထံမှ သိရှိရပါသည်။
#PAN