စမ်းချောင်းမြို့နယ်ရှိ တိုက်ခန်းတစ်ခုအတွင်း တစ်ဦးတည်းနေထိုင်သည့် အမျိုးသမီးကြီး ပုပ်ပွသေဆုံးလျက်တွေ့ရှိ

(မှုခင်း) အောက်တိုဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုရပ်ကွက်၊ သုခမိန်လမ်းရှိ တိုက်ခန်းတစ်ခုအတွင်း တစ်ဦးတည်းနေထိုင်သည့် အမျိုးသမီးကြီးတစ်ဦး ပုပ်ပွသေဆုံးနေသည့် ရုပ်အလောင်းကို တွေ့ရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် နံနက် ၁၁ နာရီ ၅၀ မိနစ်အချိန်ခန့်တွင် ရှင်စောပုရပ်ကွက်၊ သုခမိန်လမ်းရှိ အိမ်အမှတ်မဖော်ပြထားသော တိုက်၏ ပထမထပ်တိုက်ခန်းအတွင်း တစ်ဦးတည်းနေထိုင်သည့် အမျိုးသမီးကြီးတစ်ဦး နေအိမ်အတွင်း ပုပ်ပွသေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ရုပ်အလောင်းအား နာရေးယာဉ်ဖြင့် စနစ်တကျထုတ်ပိုးကာ သေဆုံးမှုနှင့်ပတ်သက်၍ လိုအပ်သည်များ စစ်ဆေးနိုင်ရန် ရဲဆေးစာဖြင့် ရန်ကုန်ဆေးရုံကြီးသို့ အခမဲ့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN