အလင်းဝင်ရောက်လာသည့် DPLA ၊ TNLA နှင့် PDF အဖွဲ့ဝင် ၂၂ ဦးတို့အား မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေး

(ပြည်တွင်း)အောက်တိုဘာ ၉

ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသည့် DPLA ၊ TNLA နှင့် PDF အမည်ခံအဖွဲ့ဝင် ၂၂ ဦးတို့အား မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျ ပြန်လည်လွှဲပြောင်းပေးအပ် အခမ်းအနားအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းစစ်ဌာနချုပ်ခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၈ရက် နံနက်ပိုင်းက အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ တိုင်းစစ်ဌာနချုပ်ခန်းမ၌ DPLA အဖွဲ့ဝင် အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၃ ဦး၊ TNLA အဖွဲ့ဝင် အမျိုးသား ၂ ဦး၊ PDF အဖွဲ့ဝင်အမျိုးသား ၈ ဦးနှင့် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၂ ဦးတို့သည် လက်နက်/ခဲယမ်းများနှင့်အတူ ဉပဒေ‌ဘောင်အတွင်းသို့ ထပ်မံဝင်ရောက်ခဲ့သဖြင့် မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံခြင်းအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးက ဂုဏ်ပြုအမှာစကားပြောကြားပြီးနောက် ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူးက ဉပဒေအကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့ကြောင်း၊ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိ လာသည့် မောင်းပြန်ရိုင်ဖယ်သေနတ် ၃ လက်၊ ပစ္စတိုသေနတ် ၂ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူသည်။

၎င်းနောက် တိုင်းမှူးက မောင်းပြန်ရိုင်ဖယ် ၃ လက်အတွက် ငွေကျပ် သိန်း ၁၅၀ ၊ ပစ္စတိုသေနတ် ၂ လက်အတွက် ငွေကျပ် သိန်း ၆၀၊ လက်ပစ်ဗုံး ၁ လုံးအတွက် ငွေကျပ် ၃ သိန်း၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ ၂၂ ဦးအတွက် တစ်ဦးလျှင် ၁ သိန်းနှုန်းဖြင့် ငွေကျပ် ၂၂ သိန်း၊ စုစုပေါင်း စုကြေးငွေကျပ် ၂၃၅ သိန်းနှင့် လက်ဆောင်ပစ္စည်းများအားပေးအပ်ရာ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများက လက်ခံရယူကြသည်။

ယင်းနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးသည်။ 

ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် မတ္တရာမြို့နယ်မှ အမျိုးသား ၂ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား ၁ ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား ၂ ဦး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား ၁ ဦး၊ ကျောက်မဲမြို့နယ်မှ အမျိုးသား ၁ ဦး၊ နောင်ချိုမြို့နယ်မှ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၃ ဦး၊ ပြင်ဦးလွင်မြို့နယ် အမျိုးသား ၁ ဦး၊ မုံရွာမြို့နယ်မှ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၂ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။

ယင်းနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံပေးသည်။ 

ယနေ့အခမ်းအနားတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်လျက် ဒေသတည်ငြိမ်အေးချမ်းရေးကို အမှန်တကယ်လိုလားကြသည့် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာကြသူများအား မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံခဲ့မှုအနေဖြင့် မတ္တရာမြို့နယ်မှ အမျိုးသား ၂ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ အမျိုးသား ၁ ဦး၊ စဉ့်ကူးမြို့နယ်မှ အမျိုးသား ၂ ဦး၊ အောင်မြေသာစံမြို့နယ်မှ အမျိုးသား ၁ ဦး၊ ကျောက်မဲမြို့နယ်မှ အမျိုးသား ၁ ဦး၊ နောင်ချိုမြို့နယ်မှ အမျိုးသား ၁၀ ဦးနှင့် အမျိုးသမီး ၃ ဦး၊ ပြင်ဦးလွင်မြို့နယ် အမျိုးသား ၁ ဦး၊ မုံရွာမြို့နယ်မှ အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၂၂ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။

Telegram – t.me/positiveanglenews

#PAN