တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများအား လူကုန်ကူးမှုဖြင့် ပြစ်ဒဏ်ချမှတ်


(မှုခင်း) မေ ၈

အမျိုးသမီးများကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၊ ဗိုလ်ရန်ပြေရပ်ကွက်၊ ဗိုလ်ရန်ပြေ (၆)လမ်းနေ မသီတာအောင်၊ အောင်ဇော်ဦး(ခ)ဟာမီဒူဘာ(လိပ်စာတူ)နေသူနှင့် ဟူနန်မြို့ ၊ တရုတ်နိုင်ငံနေ Mr. LUO FU CAI တို့က ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နေ မ—၊ ၁၃/၂၀၂၅ နှစ်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်နေ မ—၊ ၁၆/၂၀၂၅  နှစ်တို့ကို တရုတ်အမျိုးသားနှင့် လက်ထပ်ပါက ရွှေဆွဲကြိုး၊ ရွှေလက်စွပ်၊ ရွှေနားကပ်များဆင်ပေးမည့်အပြင် ငွေဖြင့်လည်းတင်တောင်းမည်ဟု ပြောဆိုစည်းရုံးပြီး ရရှိသောငွေကြေးများအား ခေါင်းပုံဖြတ်ရယူရန် စီစဉ်ဆောင်ရွက်ခဲ့သဖြင့် ဒလမြို့မရဲစခန်းတွင် (ပ) ၂၀/၂၀၂၅၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအမှုအား တွံတေးခရိုင်တရားရုံးမှ မေလ ၅ ရက်နေ့တွင် တရားခံ မသီတာအောင်၊ အောင်ဇော်ဦးနှင့် Mr.LUO FU CAI တို့ ၃ ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN