
(ပြည်တွင်း) မေ ၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့ရှိ ဆံတော်ရှင်ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးမှာ ဆွမ်းဆန်စိမ်း လောင်းလှူပွဲတော်နှင့် ညောင်ရေသွန်းပွဲတော်ကို ကဆုန်လပြည့်နေ့၊ မေလ ၁၁ ရက်မှာ ကျင်းပသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
ကဆုန်လပြည့်နေ့(ဗုဒ္ဓနေ့) နံနက် ၅ နာရီ၌ ဗုဒ္ဓပူဇာ အစီအစဉ်ဖြင့် သံဃာအပါး ၁,၀၀၀ နှင့် ရွှေမော်ဓော စေတီတော်ကြီးကို ဗုဒ္ဓါဘိသေက အနေကဇာသဘင် ကျင်းပမှာဖြစ်ကာ သံဃာအပါး ၁,၀၀၀ နှင့် သီလရှင်အပါး ၁၀၀ တို့ကို အရုဏ်ဆွမ်းကပ်လှူမယ်လို့ သိရပါတယ်။
ဆက်လက်ပြီး ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပမှာဖြစ်ပြီး ညောင်ရေ သွန်းပွဲတော်ကို ညနေ ၄ နာရီမှ စတင်ကျင်းပမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။