(ပြည်တွင်း) မေ ၇

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် မန္တလေးမြေငလျင်ကြီးလှုပ်ခတ်အပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် ဘရာဇီးလ်နိုင်ငံမှ ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ၊ အာဟာရပြည့် အစားအစာခြောက်များ၊ ရေသန့်စက်များအား ပေးပို့လှူဒါန်းခဲ့သည်ဟု သိရသည်။
အဆိုပါ ပစ္စည်းများ စုစုပေါင်း (၁၃)ပုံး၊ 5820 Kg တင်ဆောင်လာသည့် ကိုတင်ဆောင်လာသည့် Korean Air လေကြောင်းလိုင်းက Airbus လေယာဉ်သည် မေလ ၅ ရက်နေ့ ည ၇ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်ဟုသိရသည်။
ထိုသို့ ရောက်ရှိလာသည့် ပစ္စည်းများကို ဘရာဇီးလ်ဖက်ဒရယ်သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Gustavo Rocha de Menezes နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းတို့မှလွှဲပြောင်းလက်ခံရယူခဲ့ပြီး ငလျင်ဘေးသင့်ဒေသများသို့ ဆက်လက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews