
(မှုခင်း) မေ ၇
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ၊ ရွှေနှင်းဆီလမ်းရှိ ပိုင်ရှင် ဦးနွဲ့ဝင်းနေအိမ်တွင် မီးလောင်မှုဖြစ်ပွားကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ ရွှေလင်ဗန်းကျေးရွာ၊ ရွှေနှင်းဆီလမ်းရှိ ပိုင်ရှင် ဦးနွဲ့ဝင်း၏(၂၀x၆၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်တွင် မေလ ၆ ရက်နေ့၊ နံနက် ၀၀ နာရီ ၄၅ မိနစ်အချိန်ခန့်က ထင်းမီးဖိုဖြင့် ပဲပြုတ်အိုးတည်ပြီးကျန်နေသော မီးကြွင်း မီးကျန်မှတစ်ဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှုနေရာသို့ အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၆)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁ နာရီ ၁၄ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရပြီး အဆိုပါမီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ် (၂)လုံး၊ (၁၀x၆၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ် (၁)လုံး၊ (၁၀x၆၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ် (၃)လုံး၊ စုစုပေါင်း နေအိမ် (၆)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။