(မိုး/ဇလ) ဧပြီ ၃၀

မိုးလေဝသ မြန်မာ(ရန်ကုန်ဌာနခွဲ)မှ ဧပြီလ ၂၉ ရက်က မိုးသက်လေပြင်းအန္တရာယ်သတိပေးချက်အဖြစ် တစ်နာရီလျှင် ၃၅ မိုင်ခန့်အထိရှိသော မိုးသက်လေပြင်းများ တိုက်ခတ်နိုင်၍ သတိပြုနေထိုင်ကြရန် သတိပေးထုတ်ပြန် ခဲ့ပါတယ်။
မိုးလေဝသ မြန်မာ(ရန်ကုန်ဌာနခွဲ)၏ သတိပေးချက်အရ ဧပြီလ ၂၉ ရက်ယခုအချိန်မှစ၍ မေလ ၄ ရက်အတွင်း အရှေ့ဘက်မှလာသော လေပွေလှိုင်းများနှင့် အနောက်နှင့် မြောက်ဘက်မှလာသော လေပွေလှိုင်းများကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ချိန်ခါမဟုတ် မိုးထစ်ချုန်းရွာသွန်းပြီး ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးခြိမ်းခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသက်လေပြင်း တိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း သိရပါတယ်။
မိုးသက်လေ ပြင်းတိုက်ခတ်စဥ် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်ခန့်၊ တစ်ခါတစ်ရံ မိုင်(၄၀)ခန့်အထိတိုက်ခတ်နိုင်၍ မိုးသက်လေပြင်းအန္တရာယ်အား သတိပြုနေထိုင်ကြရန် သတိပေးခဲ့ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews