(ပြည်တွင်း) ဧပြီ ၃၀
နစက ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက ဧပြီလ ၂၉ ရက်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးရဲ့ သံအမတ်ကြီးတို့ကို သီးခြားစီတွေ့ဆုံခဲ့ပါတယ်။

ဝန်ကြီးဦးသန်းဆွေနှင့် တရုတ်သံအမတ်ကြီး မစ္စ မာကျား တို့က နံနက် ၉ နာရီခွဲက နေပြည်တော်မှာ တွေ့ဆုံ၍ ငလျင်ဒဏ်ကြောင့် အသက်အိုးအိမ်များဆုံးရှုံးခဲ့ရသည့် မိသားစုများနှင့် အသိုက်အဝန်းများအတွက် တရုတ်နိုင်ငံမှ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များ၊ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့များနှင့် ဆေးဝါးများအပါအဝင် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာအကူအညီများထောက်ပံ့ရေး၊ မြန်မာနိုင်ငံအစိုးရရဲ့ ငလျင်ဒဏ်သင့်ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် တရုတ်နိုင်ငံမှဆက်လက်ကူညီပံ့ပိုးပေးသွားမည်တို့ကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာ-တရုတ် နှစ်နိုင်ငံကြား ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေရေး၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး (၇၅)နှစ် မြောက်အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စီမံကိန်းများကို ဆက်လက်အကောင်အထည်ဖော်ရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများပိုမိုမြှင့်တင်ရန် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှအပြုသဘော ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်နှင့် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတို့မှာ ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
ဆက်လက်ပြီး ဝန်ကြီးဦးသန်းဆွေက အိန္ဒိယသံ အမတ်ကြီး မစ္စတာ အဘ်ဟေး တာကူးရ် ကို မွန်းလွဲ ၂ နာရီမှာ လက်ခံတွေ့ဆုံ၍ ငလျင်လှုပ်ခတ်ပြီးနောက် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်မှု၊ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးအဖွဲ့များစေလွှတ်ပေးမှုများအတွက် အိန္ဒိယနိုင်ငံအပေါ် ကျေးဇူးတင် ရှိကြောင်း ပြောကြားခဲ့ပါတယ်။
အဲဒီနောက် ၎င်းတို့နှစ်ဦးသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နိုင်မယ့် နည်းလမ်းများနှင့် ငလျင်ဒဏ်ခံစားရသူများကို ကယ်တင်ရေး၊ကယ်ဆယ်ရေး ဆောင်ရွက်မှုများနှင့် နှစ်နိုင်ငံအကျိုး ဖြစ်ထွန်းစေမည့် အခြားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်နိုင်မည့်နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါတယ်။
Telegram»…
https://t.me/positiveanglenews