(ပြည်တွင်း) ဧပြီ ၂၉

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ပြည်ပခရီးစဉ်များ မေလ ၁ ရက်မှာ ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း Myanmar Airways International (MAI) မှ သိရပါတယ်။
အခုလိုပြန်လည်ပြေးဆွဲရာမှာ MAIလေကြောင်းလိုင်းမှ မေလ ၁ ရက်မှ စတင်၍ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထိုင်းနိုင်ငံသုဝဏ္ဏဘူမိအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့်ဒွန်မောင်း အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ နေ့စဥ် ခရီးစဥ်များ၊ ချင်းမိုင်မြို့ဆီသို့တစ်ပတ်လျှင် ၂ ကြိမ် ပြည်ပခရီးစဥ်များကို ပြန်လည်ပြေးဆွဲပေးသွား မှာဖြစ်ကြောင်း သိရပါတယ်။
MAI အနေနဲ့ ငလျင်ကြောင့်ရပ်နားခဲ့ရတဲ့ ပြည်တွင်းခရီးစဥ်များဖြစ်တဲ့ နေပြည်တော်နှင့် မန္တလေးမြို့များသို့ ဧပြီလ ၄ ရက်နှင့် ဧပြီလ ၉ ရက်က စတင်ပြန်လည် ပြေးဆွဲပေးခဲ့ကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews