လားရှိုးမြို့တွင် မေလ ၁ ရက်မှစတင်ကာ ဌာနဆိုင်ရာကိစ္စရပ်များစတင်ဆောင်ရွက်မည်

(ပြည်တွင်း) ဧပြီ ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့မှာ လာမယ့် မေလ ၁ ရက်မှစတင်ကာ ဌာနဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ပေးနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

ဧပြီလ ၂၂ ရက် နံနက်ပိုင်းမှစတင်ကာ တပ်မတော်က လားရှိုးမြို့သို့ ဝင်ရောက်လာပြီး တပ်နေရာချထားမှု များကိုစတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ လားရှိုး-သိန္ဒီ သွားလမ်းပိုင်းတစ်ဖက်‌မှာ လုံခြုံရေးတာဝန်များ ရယူထားတယ်လို့ သိရပါတယ်။

ဒါကြောင့် ယခုဧပြီလကုန်ပိုင်းမှာ အဓိကဌာနဆိုင်ရာများဖြစ်တဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန၊ လူမှုကြီးကြပ်ရေးဦးစီးဌာနတို့ ဦးဆုံးဝင်ရောက်လာနေ တယ်လို့ ဒေသခံများရဲ့ ပြောကြားချက်များအရ သိရပါတယ်။