KGတန်းတက်နေသည့် အသက် ၅နှစ်အရွယ် အမျိုးသမီးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်သတ်ဖြတ်သူ နတ်တလင်းတွင် ဖမ်းဆီးရမိ

(မှုခင်း) ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် KGတန်းတက်နေသည့် အသက် ၅နှစ်အရွယ် အမျိုးသမီးငယ်ကို သက်ငယ်မုဒိမ်းပြုကျင့်သတ်ဖြတ်ပြီး နားကပ်ကို ဆွဲဖြတ်ကာ အလောင်းကို စောင်ဖြင့်ပတ်၍ စွန့်ပစ်ခဲ့သူကို ဖမ်းဆီးရမိကြောင်း သိရသည်။

ဇူလိုင်လ ၆ရက် နံနက်ပိုင်းအချိန်က နတ်တလင်းမြို့၊ ဗိုလ်ချုပ်လမ်းပေါ် ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့၌ မသင်္ကာသူတစ်ဦးအား တွေ့ရှိ၍ လုံခြုံရေးအဖွဲ့မှ စစ်ဆေးမေးမြန်းရာ ရဲဝင်းပိုင်(၃၃)နှစ် ခနွဲခဖိုကျေးရွာအုပ်စု၊ ပန်းတနော်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီးနေသူဖြစ်ပြီး ရန်ကုန်တိုင်း၊ ထန်းတပင်မြိုနယ်၊ တူးချောင်းရွာတွင် အသက် ၅ နှစ်အရွယ်သမီးငယ်အား သက်ငယ်မုဒိမ်းပြုကျင့်သတ်ဖြတ်ပြီး နားကပ်ကို ဆွဲဖြတ်ကာ အလောင်းကို စောင်ဖြင့်ပတ်၍ စွန့်ပစ်ဖျောက်ဖျက်ပြီး ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းမိတရားခံအား ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်း(ပ)၈၄/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ-၃၀၂/၃၉၂ အမှုမှ တရားခံပြေးဖြစ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် နတ်တလင်းမြို့မရဲစခန်းအချုပ်တွင် ချုပ်နှောင်ထားရှိပြီး ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ဆက်သွယ်ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#PAN