(အားကစား) ဧပြီ ၆

ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ရှောင်ရိုက်ဖီးလစ် က ချဲလ်ဆီးအသင်းအနေနဲ့ ဆန်ချို ကို ခေါ်ယူသင့်သည်ဟု တိုက်တွန်း ပြောကြားခဲပါတယ်။
ချဲလ်ဆီးအသင်း ဟာ ဆန်ချိုကို မန်ယူအသင်းထံမှ အငှား ခေါ်ယူထားခြင်းဖြစ်ပြီး ပေါင် ၂၅ သန်းဖြင့် အပြီးသတ်ခေါ်ယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
ဒါပေမယ့် ဆန်ချို အနေနဲ့ ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့အပြင် အသင်းတွင် နေရာရရန် ရုန်းကန်နေရတာကြောင့် ချဲလ်ဆီးအသင်း အနေနဲ့ ၎င်းအား အပြီးသတ်ခေါ်ယူ လိုခြင်းမရှိတော့ကြောင်း သိရပါတယ်။
အဆိုပါ သတင်းများထွက်လာသည့်အတွက် ရိုက်ဖီးလစ်က ချဲလ်ဆီးအသင်းအနေဖြင့် ဆန်ချိုကို အပြီးသတ် ခေါ်ယူသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
ဆန်ချိုကိုယ်တိုင်ကမူ ပရီးမီးယားလိဂ် တွင် ခြေစွမ်းပြနိုင်ခြင်းမရှိသည့်အတွက် အသင်းဟောင်းဒေါ့မွန်သို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒ ရှိနေကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews