(မှုခင်း) သြဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ရန်ကုန်-ပဲခူးလမ်းမတွင် ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၅နာရီကျော်အချိန်က ပဲခူးမြို့နယ် ပန်းလှိုင်ရပ်ကွက်၊ ရန်ကုန်-ပဲခူးလမ်းမတွင် အဝါရောင်ဘောက်ကားနှင့် FUSO အဖြူရောင်(၁၂) ဘီးကုန်တင်ယာဉ်တို့တိုက်မိ၍ လူ ၁ဦးညပ်နေသဖြင့် ပဲခူးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါယာဥ်တိုက်မှုကြောင့် ကျား(၁)ဦးထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) အား ကယ်ထုတ်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN