(ပြည်တွင်း) မတ်လ ၂၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ အနာဂတ်ရင်သွေးငယ်များအား လိမ္မာယဉ်ကျေးမှုရှိစေရန်ရည်ရွယ်၍ ဆရာတော်ဦးဣန္နက မှဦးဆောင်၍ ယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ ၂၂ရက်နေ့ နံနက် ၉ နာရီအချိန်က ကွင်းကြီးကျေးရွာအုပ်စု၊ အမတ်ကြီးခုံကျေးရွာ၊ ရှမ်းကျောင်းစာသင်တိုက်၌ ဖွင့်လှစ်ခဲ့ကြောင်း သိရပါတယ်။

အဆိုပါယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲသို့ ရေတာရှည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြပြီး နဝကမ္မအလှူငွေများနှင့် သင်တန်းတက်ရောက်သည့် ကျောင်းသား/ ကျောင်းသူ သင်တန်းသားများအတွက် အားဖြည့်အချိုရည်နှင့်မုန့်များလှူဒါန်းခဲ့သည်။

အဆိုပါ နွေရာသီယဉ်ကျေးလိမ္မာသင်တန်းအားသင်တန်းဆရာ/ဆရာမ (၅)ဦးမှ ဆရာတော်၏ သြဝါဒလုပ်ငန်းစဥ်အတိုင်း ပို့ချသင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသို့ ဒေသခံ ကျောင်းသား/ကျောင်းသူ(၁၀၅)ဦး တက်ရောက်ပြီး သင်တန်းကာလမှာ(၂၀-၃-၂၀၂၅)ရက်နေ့မှ (၃၁-၅-၂၀၂၅) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ(ရေတာရှည်)
Telegram»…
https://t.me/positiveanglenews