မြေခဲတောင်ရွာတိုက်ပွဲအတွင်း PDF ၂၅ ဦး ထက်မနည်း အပြင်းအထန်ဒဏ်ရာရ


(ပြည်တွင်း) မတ်လ ၂၀

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် မြေခဲတောင်ကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း PDF အကြမ်းဖက် ၂၅ ဦး ထက်မနည်း အပြင်းအထန်ဒဏ်ရာရရှိသွားတယ်လို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ရှင်မတောင်ကျေးရွာကို ရိက္ခာပို့သွားတဲ့ တပ်မတော်စစ်ကြောင်းနဲ့ PDF အကြမ်းဖက်အဖွဲ့တို့ မတ်လ ၁၈ ရက်နေ့ နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တပ်မတော်စစ်ကြောင်းက စစ်သည်တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်အဖွဲ့ဝင်အမြောက်အများ ဒဏ်ရာရရှိခဲ့ကြသလို သေဆုံးသူတွေလည်း ရှိတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသမှာလည်း မတ်လ ၁၉ ရက်နေ့ မနက်ပိုင်းကစတင်ကာ ငတရော်၊ မြေစွန်း၊ ဘီစပ်ကုန်း ကျေး ရွာတွေမှာ တပ်မတော်စစ်ကြောင်းက အကြမ်းဖက်ရှင်းလင်းရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN