(အားကစား) ဖေဖော်ဝါရီ ၁၇

မန်ယူအသင်းရဲ့ အားထားရတဲ့ တောင်ပံတိုက်စစ်သမား အာမတ် ဒီယာလိုကတော့ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိသွားခဲ့တာကြောင့် အနိမ့်ဆုံး ၃ လလောက် အနားယူရဖွယ် ရှိတယ်လို့ သိရပါတယ်။
ဒါဟာ မန်ယူနည်းပြ အမော်ရင် နဲ့ ပရိသတ်တွေအတွက်တော့ သတင်းဆိုးတစ်ခု ဖြစ်ပါတယ်။ အာမတ် ဟာ ဒီရာသီမှာ အသင်းအတွက် အထူးခြေစွမ်းပြနေခဲ့သူဖြစ်ပြီး ညာခြမ်းတိုက်စစ်အတွက် ပုံမှန်ပွဲကစားခွင့်ရနေသူ ဖြစ်ပါတယ်။
အခုတော့ ဒီညမှာကစားမယ့် စပါးအသင်းနဲ့ ပွဲစဉ်မှာလည်း ကစားပေးနိုင်တော့မှာမဟုတ်ဘူးလို့ မန်ယူအသင်း ဘက်က တရားဝင်ထုတ်ပြန်လာခဲ့ပါတယ်။
ပိုဆိုးတာကတော့ အာမတ်အပြင် အသင်းရဲ့လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်တဲ့ ကိုဘီမိုင်နူး နဲ့ အူဂါတီ တို့လည်း လေ့ကျင့်ရေးကွင်းမှာပဲ ဒဏ်ရာရရှိခဲ့ကြပြီး အနားယူကြရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ အပတ်မှာပဲ အဓိကနောက်ခံလူတစ်ဦးဖြစ်တဲ့ မာတီနက်ဇ် ကို ရာသီကုန်ထိ ဆုံးရှုံးထားတဲ့ မန်ယူအတွက်တော့ ဒဏ်ရာ ပြဿနာရဲ့ ထိုးနှက်မှုကို ခံရတော့မှာပဲ ဖြစ်ပါတယ်။
Telegram»…
https://t.me/positiveanglenews