မေ ၂၃
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ဘီးလင်းမြို့နယ်၊ ဇုတ်သုတ်ကျေးရွာအုပ်စု ၊ ရွာလေးရပ်ကွက်၊ ကျိုက်ထီးဆောင်းဘုရားခြေရင်းရှိ ဦးကျော်ကျော်၊ရပ်/ကျေးဥက္ကဋ္ဌ ၏နေအိမ်ကို ယမန်နေ့ ည ၁၀ နာရီခွဲအချိန်တွင် လူသတ်အကြမ်းဖက် PDF များက လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်ဖောက်ခွဲပြီး ထွက်ပြေးသွားခဲ့ပါသည်။
အလားတူ ယနေ့နံနက် ၅ နာရီခွဲအချိန်တွင်လည်း ဦးကျော်ကျော် နေအိမ်ကို လူသတ်အကြမ်းဖက် PDF များက လာရောက်ကာလက်ပစ်ဗုံးဖြင့် ထပ်မံ၍ပစ်ခတ်ဖောက်ခွဲခဲ့သဖြင့် ဦးကျော်ကျော်၏နေအိမ်မျက်နှာစာရှိ စက်သုံးဆီပန့်နှင့် ဆိုင်ပစ္စည်းများ ပျက်စီးခဲ့ကြောင်း၊ လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သတင်းရရှိပါသည်။
အဆိုပါ ရပ်/ကျေးဥက္ကဌ ဦးကျော်ကျော် သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဖြစ်ကြောင်း သိရှိရပါသည်။