၂၀၂၅ ယူအက်စ်အိုးပင်းပြိုင်ပွဲကို ၁၅ ရက်ကြာကျင်းပမည်


(အားကစား) ဇန်နဝါရီ ၃၁

၂၀၂၅ ယူအက်စ်အိုးပင်းပြိုင်ပွဲကို ၁၅ ရက်ကြာပြိုင်ပွဲအဖြစ်ကျင်းပမှာဖြစ်ပြီး ယူအက်စ်အိုးပင်းရဲ့ ပထမအဆင့် ပွဲတွေကို ဩဂုတ်လ ၂၄ ရက်(တနင်္ဂနွေနေ့)မှာ စတင်မှာဖြစ်ပြီး ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကိုတော့ တနင်္ဂနွေနေ့ ဖြစ်တဲ့ စက်တင်ဘာ ၇ ရက်မှာ ကျင်းပမယ်လို့ သိရပါတယ်။

ဒါကြောင့် ယူအက်စ်အိုးပင်းပြိုင်ပွဲဟာ တနင်္ဂနွေနေ့မှာ စတင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နောက်ဆုံးဂရင်းစလမ်ပြိုင်ပွဲ ဖြစ်လာခဲ့ပါတယ်။ ဩစတြေးလျအိုးပင်းပြိုင်ပွဲက ၂၀၂၄ ခုနှစ်က စတင်ပြီး တနင်္ဂနွေနေ့မှာ ပြိုင်ပွဲကို စတင်ဖို့ ဆုံးဖြတ်ခဲ့သလို ပြင်သစ်အိုးပင်းပြိုင်ပွဲကလည်း ၂၀၀၆ ခုနှစ်ထဲက အခုလိုမျိုးပြောင်းလဲကျင်းပထားခဲ့တာဖြစ်ပါတယ်။

ဂရင်းစလမ်ပြိုင်ပွဲတွေမှာ ရိုးရာမပျက် တနင်္လာနေ့စတင်မှုကို ဆက်ထိန်းထားတဲ့ ပြိုင်ပွဲဆိုလို့ ဝင်ဘယ်ဒန် ပြိုင်ပွဲတစ်ခု သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

အခုလိုမျိုး ပြောင်းလဲလိုက်တာက ၃ နှစ်ဆက်တိုက် စံချိန်ဝင်ဝင်ရောက်အားပေးခဲ့တဲ့ ပရိသတ်တွေပိုမို တိုးမြှင့် ဝင်ရောက်လာနိုင်ဖို့ ဖြစ်တယ်လို့ ယူအက်စ်အိုးပင်းပြိုင်ပွဲကျင်း ပရေးက ထုတ်ပြန်ခဲ့ပါတယ်။

အခုလိုမျိုး ပြိုင်ပွဲရက်ကို တိုးမြှင့်လိုက်တာကြောင့် ပြိုင်ပွဲကိုဝင်ကြည့်တဲ့ ပရိသတ်ဦးရေက ၇ သောင်းလောက် ထပ်တိုးလာဖို့ရှိတယ်လို့ ယူအက်စ်အိုးပင်း ပြိုင်ပွဲကျင်းပရေးက ခန့်မှန်းထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN