ဆိုက်ဘာလုံခြုံရေးအတွက် အထူးသတိပြုရမယ့်အချက်များစတင်ထုတ်ပြန်


(ပြည်တွင်း) ဇန်နဝါရီ ၃၁

ဆိုက်ဘာလုံခြုံရေးဆိုင်ရာ အသိပညာပေးမြှင့်တင်တာနဲ့ ဒစ်ဂျစ်တယ်ပိုင်ဆိုင်မှုတွေကိုကာကွယ်ဖို့ ပြည်သူများ အထူးသတိပြုရမယ့် အကြံပြုချက်များကို မြန်မာနိုင်ငံရှိ ဆက်သွယ်ရေး အော်ပရေတာ ၄ ခုက ပူးတွဲထုတ်ပြန်ထား ပါတယ်။

၎င်းတို့အကြံပြုထားတာကတော့ အဆင့်ဆင့်စစ်ဆေးတဲ့စနစ်ကို အသုံးပြုဖို့၊ ခန့်မှန်းရခက်ပြီး ထူးခြားတဲ့ စကားဝှက်တွေကို အသုံးပြုဖို့နဲ့ ရှုပ်ထွေးပြီးထူးခြားတဲ့စကားဝှက်တွေ (သင်္ကေတတွေ၊ ကိန်းဂဏန်းတွေ၊ အက္ခရာတွေ) ကိုဖန်တီးပြီး စကားဝှက်တွေကို မကြာခဏပြောင်းလဲဖို့ လိုတယ်လို့ ဆိုပါတယ်။

အလားတူ Phishing Scams တွေကို သတိပြုဖို့၊ ဆော့ဖ်ဝဲလ်တွေကို ပုံမှန် Update ပြုလုပ်ပေးဖို့၊ အများသုံး Wi-Fi အသုံးပြုတာတွေမှာ အများသုံး Wi-Fi ကွန်ရက်တွေဟာ လုံခြုံမှုမရှိတာကြောင့် အဲဒီကွန်ရက်တွေကို အသုံးပြုနေစဉ်မှာ အရေးကြီးတဲ့အကောင့်တွေကို ဝင်ရောက်တာ ဒါမှမဟုတ် ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုတွေ ပြုလုပ်တာ ကို ရှောင်ကြဉ်ဖို့၊ ဗိုင်းရပ်စ်တွေ၊ Spyware၊ Ransomware နဲ့ တခြားအန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့အတွက် ယုံကြည်စိတ်ချရတဲ့ Antivirus နဲ့ Anti-Malware ဆော့ဖ်ဝဲတွေကို အသုံးပြုဖို့လိုအပ်တယ်လို့ အကြံပြုထားပါတယ်။

ဒါ့အပြင် သံသယဖြစ်ဖွယ်ဆက်သွယ်မှုတွေကို သတိရှိရန်၊ တစ်ကြိမ်တစ်ခါသုံး လျှို့ဝှက်နံပါတ် (OTP)ကို အသုံးပြုရန်၊ Application ခွင့်ပြုချက်တွေကို သတိပြုရန်၊ အမည်မသိဖုန်းခေါ်ဆိုမှု တွေကို သတိပြုရန်၊ ယုံကြည် စိတ်ချရတဲ့ အရင်းအမြစ်တွေက Application တွေကို ထည့်သွင်းရန်နဲ့ အတည်မပြုရသေးတဲ့ ဒေါင်းလုတ်၏တွေမှာ သုံးစွဲသူရဲ့ စက်ပစ္စည်းတွေနဲ့ ဒေတာကို ထိခိုက်ပျက်စီးစေတဲ့ Malware ဒါမှမဟုတ် ဗိုင်းရပ်စ်တွေ ပါဝင်နိုင်တာကြောင့် Official Store တွေ၊ ယုံကြည်စိတ်ချရတဲ့အရင်းအမြစ်တွေက ဆော့ဖ်ဝဲနဲ့ Application တွေကိုသာ ဒေါင်းလုတ် လုပ်ဖို့ လိုတယ်လို့လည်း ဆိုထားပါသေးတယ်။

ဆက်လက်ပြီးတော့လည်း ခွင့်ပြုချက်မရှိတဲ့ လုပ်ဆောင်မှုတွေကို သံသယရှိလာရင် ဒါမှမဟုတ် အကူအညီ လိုအပ်ရင် အော်ပရေတာတွေရဲ့ Hotline အချိန်တွေအတွင်း Customer Service ထံကို ဆက်သွယ်မေးမြန်းနိုင် တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရှိ ဆက်သွယ်ရေးအော်ပရေတာတွေအနေနဲ့ သုံးစွဲသူတွေရဲ့ အွန်လိုင်းငွေကြေးဆိုင်ရာအကောင့် တွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကို ကာကွယ်နိုင်ဖို့နဲ့ ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ဖို့အတွက် အခုလို ဆိုက်ဘာလုံခြုံရေး အကြံပြုချက်တွေကို စုစည်းထုတ်ပြန်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN