(ပြည်တွင်း) ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံနှင့် အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုများကြောင့် လာမယ့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ လေထုညစ်ညမ်းမှုဖြစ်စဥ်မှာ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ပါဝင်လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ သိရပါတယ်။
အဆိုပါ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အတွင်း လေထုညစ်ညမ်းမှုဖြစ်စဥ်ကို အထူးသတိပြုရမယ့်ဒေသများ မှာ မော်လမြိုင်၊ ဇာသပြင်၊ ဂျိုင်းမြစ်ဝှမ်းဒေသများ၊ ကျိုက်မရော၊ မုဒုံ၊ ကတိုး၊ ပေါင်၊ သထုံ၊ ဘားအံ၊ ဘီးလင်း၊ ကျိုက်ထို တို့ဖြစ်ကာ ယင်းဒေသများတစ်ဝိုက်မှာ နံနက်ပိုင်းနှင့်ညနေပိုင်းတို့၌ လေထုညစ်ညမ်းမှု အန္တရာယ်ကြုံတွေ့လာနိုင် တယ်လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် ထိုင်းနိုင်ငံအတွင်း လေထုညစ်ညမ်းမှုမှာ နေရာအနှံအပြားဖြစ်ပေါ်လာနိုင်ပြီး အထူးသဖြင့် ဘန်ကောက် မြို့တစ်ဝိုက်နှင့် အယုဒ္ဓယ၊ ချိုင်နက်၊ နခွန်ဆဝမ်၊ ပိကျစ်၊ ဟစ်ဆနူလော့၊ ခွန်ကန်၊ ကာလာဆင်၊ ပထုန်ဌာနီ၊ နခွန်နရတ်၊ ဆမွတ်ပရာကန် စတဲ့ဒေသများတစ်ဝိုက်မှာ လေထုညစ်ညမ်းမှုအန္တရာယ် ပြင်းပြင်းထန်ထန်ကြုံတွေ့ လာနိုင်မယ်လို့ အသိပေးထုတ်ပြန်ခဲ့ပါတယ်။
ဒါကြောင့်လေထုညစ်ညမ်းမှုအန္တရာယ်ကြုံတွေ့လာနိုင်မယ့် ဒေသများမှာ နေထိုင်သူများ အနေနဲ့ နှာခေါင်းစည်း (Mask)တပ်ဆင်၍ ဂရုစိုက်နေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။
Telegram»…
https://t.me/positiveanglenews