(ပြည်တွင်း) ဇန်နဝါရီ ၃၀

ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကအသုံးပြုတဲ့ ဘိလပ်မြေများကို ကော့သောင်းနယ်စပ် ကုန်သွယ်ရေး စခန်းမှတစ်ဆင့် တင်သွင်းခွင့်ပြုထားကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများက သတင်းထုတ်ပြန် ထားပါတယ်။
ယခုအချိန်သည် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သလို နိုင်ငံတစ်ဝန်းမှာ ဆောက်လုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဆောက်လုပ်ရေးလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်ပြီး ပြည်တွင်းဘိလပ်မြေ လိုအပ်ချက် ပြည့်မီစေရန်နှင့် ပြည်တွင်းဘိလပ်မြေ ထုတ်လုပ်မှုများကို အားဖြည့်ရန်အတွက် ကော့သောင်းနယ်စပ် ကုန်သွယ်ရေးစခန်းမှလည်းကောင်း၊ ပင်လယ်ရေကြောင်းမှလည်းကောင်း ဘိလပ်မြေများကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်မှစတင်၍ တင်သွင်းခွင့်ပြုလျက်ရှိတယ်လို့ သိရပါတယ်။
ပြည်တွင်းရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် အသုံးလိုတဲ့ ဘိလပ်မြေကို တရုတ်၊ ထိုင်းနှင့် မလေးရှား နိုင်ငံ တို့မှ အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါ့အပြင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှာ ဘိလပ်မြေစက်ရုံ ၁၉ ရုံရှိပြီး ၎င်းတို့သည် အပြည့်အဝလည်ပတ်ရန် လိုအပ်နေသေးကြောင်း သိရပါတယ်။
Telegram»…
https://t.me/positiveanglenews