(ပြည်တွင်း) ဇန်နဝါရီ ၃၀

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် ထိုင်းဆီးဂိမ်းပြိုင်ပွဲတွင် အားကစားနည်း ၅ဝ ထည့်သွင်းကျင်းပသွားမယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံအနေနဲ့ ဆီးဂိမ်းပြိုင်ပွဲကို အိမ်ရှင်အဖြစ် ခုနစ်ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကာ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ဘန်ကောက်မြို့၊ ချောင်ဘူရီမြို့၊ ဆောင်ခလာမြို့ တို့မှာ အားကစားပွဲများကို ကျင်းပသွားမှာ ဖြစ်ပါတယ်။
လာမည့် ဆီးဂိမ်းပြိုင်ပွဲတွင် ထည့်သွင်းကျင်းပမည့် အားကစားနည်းများမှာ ရေကူး၊ ပြေးခုန်ပစ်၊ မြားပစ်၊ ကြက်တောင်၊ ဘတ်စကက်ဘော၊ လှေလှော် (ကနူး/ကယက်၊ အပြည်ပြည်ဆိုင်ရာ၊ ရိုးရာလှေ)၊ စက်ဘီး၊ မြင်းစီး၊ ဓားရေး၊ ဘောလုံး၊ ဖူဆယ်၊ ဂေါက်သီး၊ ကျွမ်းဘား၊ Handball၊ ဟော်ကီ၊ ဂျူဒို၊ ရပ်ဘီ၊ ရွက်လှေ၊ သေနတ်ပစ်၊ စားပွဲတင်တင်းနစ်၊ တိုက်ကွမ်ဒို၊ တင်းနစ်၊ ဘော်လီဘော၊ နပန်း၊ ရေခဲပြင်စကိတ်၊ Modem pentathlon၊ အလေးမ၊ ဘေ့စ်ဘော၊ ဘိလိယက်နှင့် စနူကာ၊ လက်ဝှေ့၊ Floorball၊ E-Sports၊ မွေလက်ဝှေ့၊ ပန်ကြပ်ဆီလပ်၊ ပီတန်း၊ ပိုက်ကျော်ခြင်း၊ Squash၊ ဘိုးလင်း၊ Extreme sports၊ ကရာတေး၊ ဂျူဂျစ်ဆု၊ ခရစ်ကတ်၊ ဝူရှူး၊ Kabaddi၊ Teqball၊ ကစ်ဘောင်ဆင်၊ Woodball နှင့် စစ်တုရင်အားကစားနည်းများ ပါဝင်သွားမည်ဖြစ်ကြောင်းသိရပါတယ်။
လက်ရှိမှာ မြန်မာအားကစားအဖွဲ့က လာမယ့်ဆီးဂိမ်းစ်ပြိုင်ပွဲအတွက် စတင်ပြင်ဆင်လျက်ရှိနေပြီး ၂၀၂၃ ခုနှစ်၊ ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲမှာတော့ ရွှေတံဆိပ် ၂၁ ခု၊ ငွေတံဆိပ် ၂၅ ခု ကြေးတံဆိပ် ၆၈ ခု ဆွတ်ခူးရရှိခဲ့ကြောင်း သိရပါ တယ်။
Telegram»…
https://t.me/positiveanglenews