(ပြည်တွင်း)ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊လှိုင်းတက်ကျေး ရွာအနီး၊သာစည်-ရွှေညောင်ရထားလမ်း၊မိုင်တိုင်အမှတ် ၃၁၆/၁၆ နှင့် ၃၁၆/၁၁ ကြားတွင် ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ ည၇နာရီ၄၀မိနစ် အချိန်တွင် စက်ခေါင်းမောင်း ဦးသက်နိူင်ဝင်း မောင်းနှင်ပြီး ရထားထိန်း ဦးရဲလင်းထက် လိုက်ပါကာ ဘုရားငါးဆူဘူတာမှ ကျောက်များတင် ဆောင်၍ သာယာဝတီ(အင်းရွာ)ဘူတာသို့ ထွက်ခွာလာသည့် စက်ခေါင်းအမှတ် DF 1637၊အမှတ် (၆၄၁)ကြွေကျောက်ရထားသည် သာစည်မြို့နယ်၊လှိုင်းတက်ကျေး ရွာအနီး၊သာစည်-ရွှေညောင်ရထားလမ်း၊မိုင်တိုင်အမှတ် ၃၁၆/၁၆ နှင့် ၃၁၆/၁၁ ကြားအရောက်တွင် ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ ရထားလမ်းချော်မှုကြောင့် စက်ခေါင်းနောက် ၈၊၉၊၁၀တွဲ ဘေးတိုက်တုံးလုံးလဲ၊စက်ခေါင်းနောက် ၁၁တွဲမြောက်တွဲ သံလမ်းပေါ်ကန့်လန့်၊၁၂တွဲမြောက်တွဲ ဘေးတိုက်လဲ၊၁၃၊၁၄မြောက်တွဲ ဘေးတိုက်ကန့်လန့်၊၁၅၊၁၆မြောက်တွဲ လမ်းချော်ကန့်လန့် ဖြစ်ပွားခဲ့ကြောင်း၊လမ်းချော်မှုကြောင့် ရထားတွဲ ပျက်စီးမှုနှင့်သံလမ်း ပျက်စီးမှုများရှိကာ မီးရထားဝန်ထမ်းများ ထိခိုက်မှုမရှိကြောင်း၊ရထားလမ်း ချော်မှုဖြစ်ပွားရာသို့ မြန်မာ့မီးရ ထားမှတာဝန်ရှိသူများ ရောက်ရှိစစ်ဆေးပြုပြင်လျက်ရှိကြောင်း သိရသည်။

#PAN #သာစည် #ရထားလမ်းချော်