(ပြည်တွင်း)ဇန်နဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊သန်းတန်းကျေးရွာ အရှေ့ဖက်ရှိ ကြာကန်ကြီးဘုန်းကြီးကျောင်းအနီးရှိ အကြမ်းဖက်များအား ဇန်နဝါရီလ ၂၇ ရက်နေ့နံနက်၂နာရီအချိန်ခန့်က တပ်မတော်မှ လေထီးတပ် Paramotor ဖြင့် ဗုံးကြဲရှင်းလင်းခဲ့ကြောင်း သိရသည်။

စစ်ဘက််သုံး လေထီတပ်Paramotorဖြင့် တိုက်ခိုက်ခဲ့ရာ ၂ လုံး ကျရောက်ပေါက်ကွဲသဖြင့် အကြမ်းဖက် PDF ၆ဦးခန့် ထိခိုက်သေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း သိရသည်။
၎င်းအပြင် ရွာတန်းရှည်ရွာနှင့် ဗွက်ငယ်ရွာကြားရှိ ဘုန်းတော်ကြီးကျောင်းအနီးရှိ PDF မျနေထိုင်ရာနေရာအား ၂လုံး ပစ်ချဖောက်ခွဲခဲ့သဖြင့် အကြမ်းဖက် PDF ၃၀ခန့် သေဆုံးသွားကြောင်း၊အကြမ်းဖက် PDF များသည် ညတွင်းချင်းပင် တောင်ဖီလာသစ်တော သံကြိုးကွင်းဘက်သို့ အလောင်းများကိုကားဆိုင်ကယ်များဖြင့်တင်ဆောင်၍ ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
#Paramotor #PDF #ဗုံးကြဲရှင်းလင်း #တောင်သာ