(ပြည်တွင်း) ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ အုမ္မသီးကျေးရွာအနီး ယမန်နေ့က တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းချီတက်စဉ် TNLA နှင့် အကြမ်းဖက်ပူးပေါင်းအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်တွင် တပ်မတော်စစ်ကြောင်းမှ နယ်မြေရှင်းလင်းချီတက်စဉ် TNLA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်လာသဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြကြောင်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲမှ အကြမ်းဖက်အဖွဲ့ ကျားအလောင်း ၂ လောင်း၊ အမ်(၂၂) ကျည်အိမ် ၃ ခု၊ ကျည် ၃၂၀ တောင့်၊ RPG ဒုံးသီး ၃ လုံး၊ ပိုကျည် ၂ တောင့်၊ လက်လုပ်မိုင်း ၂ လုံး
လက်ပစ်ဗုံး ၄ လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews