ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ နှုတ်ထွက်ကြောင်း အမေရိကန်ကြေညာ


(နိုင်ငံတကာ) ဇန်နဝါရီ ၂၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ရာထူးသက်တမ်း ပထမဆုံးနေ့တွင် ကုလသမဂ္ဂ၏ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ နုတ်ထွက်ကြောင်း ကြေညာခဲ့သည်။

ထရမ့်သည် WHO သို့ အခြားလူဦးရေးများပြားသည့် နိုင်ငံများထက် ရန်ပုံငွေထည့်ဝင်နေရသည့်အပေါ် အကြောင်းပြချက်ဖြင့် နှုတ်ထွက်ကြောင်း ကြေညာခဲ့ကြောင်းသိရသည်။

အဆိုပါ ကြေညာချက်နှင့်ပတ်သက်ပြီး ဘိုင်ဒန်လက်ထက် ကိုဗစ် ၁၉ တုံ့ပြန်ညှိနှိုင်းရေးမှူးတာဝန်ယူခဲ့သူ ဒေါက်တာ Ashish Jha က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး သမ္မတထရမ့်အနေဖြင့် ဗျူဟာမြောက်အမှားကို ကျူးလွန်ခဲ့ကြောင်း ၎င်းကဆိုသည်။

WHO မှ အပြည့်အဝနှုတ်ထွက်ရန် တစ်နှစ်ကြာမြင့်ဦးမည်ဖြစ်ပြီး အဆိုပါတစ်နှစ်အတွင်း အမေရိကန်အနေဖြင့် ရန်ပုံငွေဆက်လက်ထည့်ဝင်နေရမည်ဖြစ်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN