(မှုခင်း) ဇန်နဝါရီ ၂၀
မန္တလေးတိုင်းဒေသကြီး ၊ မြစ်သားမြို့နယ်၊ မကျီးကန်ကျေးရွာ အရှေ့ဘက်ရှိ ဇရပ်အနီးတွင် အကြမ်းဖက် PDF အမျိုးသား ၃ ဦးမှ ပြည်ခိုင်ဖြိုးပါတီဝင် တစ်ဦးအား သေနတ်ဖြင့် ပစ်သတ်သွားကြောင်း သိရသည်။
ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဒေါ်လဲ့လဲ့ဝင်း၊ ၄၀ နှစ်၊(ဘ)ဦးဆယ်မြင့်သည် နေအိမ်၌ရှိနေစဉ် မိခင်ဖြစ်သူမှ ဖုန်းဖြင့်ဆက်သွယ်၍ ဖခင်ဖြစ်သူ ဦးဆယ်မြင့်၊ ၆၅ နှစ်၊ (ဘ)ဦးညီမောင်၊ ယာဉ်မောင်း(ပြည်ခိုင်ဖြိုးပါတီဝင်)၊ မကျီးကန်ကျေးရွာနေသူအား မကျီးကန်ကျေးရွာ အရှေ့ဘက်ရှိ ဇရပ်အနီးတွင် အကြမ်းဖက် PDF အမျိုးသား ၃ ဦးမှ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း ပြောကြားခဲ့သဖြင့် ဒေါ်လဲ့လဲ့ဝင်းမှ သွားရောက်ကြည့်ရှုခဲ့ရာ ဖခင်ဖြစ်သူ ဦးဆယ်မြင့်တွင် ဝဲ-နားရွက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ဝဲဘက်လည်ပင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲဘက်ပုခုံး ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ ယာဘက်ရင်ဘတ်အောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်ပေါင် ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာဘက်လည်ဂုတ် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ-လက်ပြင် ကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ယာဘက်ကျောပြင် ကျည်ဖောက်ထွက်ဒဏ်ရာ ၂ ချက်၊ ယာဘက်ပေါင် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မိခင်ဖြစ်သူအား မေးမြန်းခဲ့ရာ မိခင်ဖြစ်သူနှင့် ဖခင်ဖြစ်သူ ဦးဆယ်မြင့်တို့သည် မော်တော်ယာဉ်အမှတ် 7G/…..၊ ဒိုင်နာအမျိုးအစားယာဥ်ဖြင့် မကျီးကန်ကျေးရွာဘက်မှ မြစ်သားမြို့သို့ ဈေးဝယ်ရန်ထွက်ခွာလာရာ မကျီးကန်ကျေးရွာအရှေ့ ဘက်ရှိ ဇရပ်အနီးအရောက်တွင် ပစ္စည်းတင်ရန် ခေတ္တကားရပ်နားစဉ် ဆိုင်ကယ်ဖြင့် အကြမ်းဖက် PDF အမျိုးသား ၃ ဦးရောက်ရှိလာပြီး သေနတ်အတို အမျိုးအစားဖြင့် ၆ ချက် ခန့် ပစ်ခတ်သွားခဲ့ပြီး၊ မကျီးကန်ကျေး ရွာ၏ အနောက်ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews