(ပြည်တွင်း) ဇန်နဝါရီ ၂၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ကုက္ကိုလ်စုကျေးရွာအနီးတွင် ယနေ့ညနေ ၅ နာရီအချိန်ခန့်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်အဖွဲ့များ ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်လျက်ရှိသော တပ်မတော်ပူးပေါင်းအဖွဲ့သည် Y-8 ဖြင့် Air Drop ကောက်ယူရန်ဆောင်ရွက်နေစဉ် အကြမ်းဖက်အဖွဲ့ဝင် ၁၀ ဦးခန့် ချောင်းဖြတ်ကူးလာသည်ကိုတွေ့ရှိရပြီး တပ်မတော်ပူးပေါင်းအဖွဲ့မှ လက်ဦးမှုရယူ၍ လက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်အဖွဲ့များ ဆုတ်ခွာထွက်ပြေး သွားခဲ့ရကြောင်း သိရသည်။
အဆိုပါထိတွေ့တိုက်ပွဲမှ အကြမ်းဖက်အဖွဲ့ဘက်မှ အရပ်ဝတ် ကျားအလောင်း ၂ လောင်း၊ M-22 သေနတ် ၂ လက် သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ပူးပေါင်းအဖွဲ့မှ ပြည်သူ့စစ် ၁ ဦး(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews