ဗန်းမော်ဆရာတော် ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက် တည်ထားရန် ဆောင်ရွက်လျက်ရှိ


(ပြည်တွင်း) ဇန်နဝါရီ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ဗန်းမော်ကျောင်းတိုက်ကြီးတွင် ဗန်းမော်ဆရာတော် ဘုရားကြီး၏ အထိမ်းအမှတ်ပြတိုက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

အဆိုပါအထိမ်းအမှတ်ပြတိုက်မှာ ဗန်းမော်ဆရာတော်ဘုရားကြီး စုဆောင်းပူဇော်ခဲ့တဲ့ ဓာတ်တော်မွေတော်များ၊ ကိုးကွယ်ခဲ့သော ဗုဒ္ဓဆင်းတုတော်များ၊ ဘုရားခြေတော်ရာ၊ ပြည်တွင်းပြည်ပအလှူရှင်များ ဆက်ကပ်လှူဒါန်း ထား‌သော သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ၊ ဆရာတော်ဘုရားကြီး၏ ပုံတူရုပ်တုနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဆရာတော်ဘုရားကြီးမှ လှူဒါန်းထားသော ဂုဏ်ပြုလွှာများကို ပြတိုက်အင်္ဂါရပ်နှင့်အညီ ခင်းကျင်းပြသထားမှာ ဖြစ်ပါတယ်။

ဗန်းမော်ဆရာတော်ဘုရားကြီးက ဗန်းမော်ကျောင်းတိုက်ကြီး၏ ဦးစီးပဓာန မဟာနာယက၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏ အဓိပတိလည်း ဖြစ်ပါတယ်။

ဗန်းမော်ဆရာတော်ဘုရားကြီးသည် ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ခြင်းဖြစ်ကာ ပျံလွန်တော်မူချိန်မှာသက်တော် ၉၄ နှစ် ရှိပြီ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN