(ပြည်တွင်း) အောက်တိုဘာ ၁၄
အွန်လိုင်းပေါ်တွင် Yangon Media အမည်ရှိ Page တစ်ခုက တက္ကသိုလ်ကျောင်းသားများအနေဖြင့် ကျောင်း ၂ နှစ် ယာယီရပ်နားကာ ပြည်သူ့စစ်မှုထမ်းဆောင်ရမည်ဟု ဖော်ပြနေသည့် သတင်းသည် သတင်းအတု၊ သတင်းအမှားဖြစ်ကြောင်း တုံ့ပြန်အသိပေးထားသည်။
ဖြစ်စဉ်မှာ အဆိုပါ Page က မဲပေါက်ထားသည့် လူငယ်များသည် တက္ကသိုလ်ကျောင်းသားများဖြစ်နေသော်လည်း စစ်မှုထမ်းဆောင်ရမည်ဖြစ်ပြီး ရွှေ့ဆိုင်းခွင့်မရှိကြောင်းမြို့နယ်စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ထံမှ သိရသည်။
ထို့ပြင် ထွက်ပြေးတိမ်းရှောင်မှုမရှိစေရန် မှတ်ပုံတင်နှင့် UID Smart Card များကို သိမ်းဆည်းထားကြောင်း မဟုတ်မမှန် သတင်းတု၊ သတင်းမှားများ ထုတ်လွှင့်နေကြောင်း သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ ၁၅ (က)(၃) တွင် ပညာသင်ကြားနေသူများကို ပြည်သူ့စစ်မှုထမ်းဆောင်ရမည့်တာဝန်မှ ယာယီရွှေ့ဆိုင်းနိုင်သည့် အချက်အဖြစ် ထည့်သွင်းဖော်ပြထားပြီး နေ့စဉ်ထုတ်သတင်းစာများတွင်လည်း အသိပေးဖော်ပြလျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် တက္ကသိုလ်ကျောင်းသားများ ၂ နှစ် ကျောင်းယာယီရပ်နားပြီး စစ်မှုထမ်းရမည်ဆိုသည့်သတင်းသည် သတင်းအတု၊ သတင်းအမှားသာဖြစ်ပါကြောင်းနှင့် ပြည်သူများအနေဖြင့်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးနှင့်ပတ်သက်ပြီး မဟုတ်မမှန်ဖော်ပြနေသည့် သတင်းတု/ သတင်းမှားများကိုမယုံကြရန် အသိပေးအပ်ထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN