ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အစ္စရေးလုံခြုံရေးကတ်ဘိနက်အဖွဲ့ အတည်ပြု


(နိုင်ငံတကာ) ဇန်နဝါရီ ၁၉

ဂါဇာကမ်းမြောင်စစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးအစိုးရလုံခြုံရေးကတ်ဘိနက်အဖွဲ့ က ဇန်နဝါရီလ ၁၇ ရက်တွင် အတည်ပြုပေးခဲ့သည်။

ဂါဇာစစ်ပွဲ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးအစိုးရလုံခြုံရေး ကတ်ဘိနက်က အတည်ပြုခဲ့ ခြင်းကြောင့် ဟားမတ်စ်အုပ်စု ဖမ်းဆီးထားသော ဓားစာခံများ အနက် ပထမဆုံးအသုတ်ဓားစာခံများ ပြန်လည် လွတ်မြောက်ရေးအတွက် လမ်းစပွင့်လာခဲ့ပြီဖြစ်သည်။

ဇန်နဝါရီလ ၁၅ ရက်တွင် ကြေညာခဲ့သည့် အဆိုပါအပစ်အခတ်ရပ်စဲရေးသဘောတူညီချက်သည် ဇန်နဝါရီလ ၁၉ ရက်တွင် စတင်အာဏာသက်ဝင်မည်ဖြစ်သည်။

အဆင့်သုံးဆင့်ပါရှိသည့် အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ပထမအဆင့်မှာ ခြောက်လကြာမြင့်မည်ဖြစ်ပြီး ယင်းကာလအတွင်း ဟားမတ်စ်အုပ်စုက ၎င်းတို့ ဖမ်းဆီးထားသည့် အစ္စရေးဓားစာခံများအနက် ပထမဆုံးအသုတ် ၃၃ ဦးကို ပြန်လွှတ်ပေးမည်ဖြစ်သည်။

အလားတူ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အာဏာသက်ဝင်မည့် ဇန်နဝါရီလ ၁၉ ရက်တွင် ပါလက်စတိုင်းအကျဉ်းသား ၉၅ ဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း အစ္စရေးတရားရေးဝန်ကြီးဌာနက ကြေညာထားသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်တွင် စတင်ခဲ့သော ဂါဇာစစ်ပွဲအတွင်း အစ္စရေး၏တိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသ၌ ပါလက်စတိုင်းလူမျိုး ၄၆,၀၀၀ ကျော် သေဆုံးခဲ့ရကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN