အပစ်အခတ်ရပ်စဲရေးကြေညာပြီးနောက် ဂါဇာကို အစ္စရေးက လေကြောင်းတိုက်ခိုက်

(နိုင်ငံတကာ) ဇန်နဝါရီ ၁၆

ယမန်နေ့ ညနေပိုင်းက ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေးက လေကြောင်းတိုက်ခိုက်ခဲ့ပြီး ကလေးငယ်များအပါအဝင် အနည်းဆုံး လူ ၂၀ ခန့်သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဂါဇာကမ်းမြောင်ဒေသ Al-Nasr ရပ်ကွက်ရှိ ဒုက္ခသည်များစုဝေးနေသည့် အဆောက်အဦးတစ်ခုအား အစ္စရေး၏တိုက်ခိုက်မှုတွင် လူပေါင်းများစွာ သေကြေ ဒဏ်ရာရခဲ့ပြီး အပျက်အစီးများအောက်တွင် ပျောက်ဆုံးနေသူများအား ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်းသိရသည်။

အဆိုပါတိုက်ခိုက်မှုသည် အပစ်အခတ်ရပ်စဲရေးကြေညာပြီးနောက် နာရီပိုင်းအတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး နှစ်ဖက်ထုတ်ပြန်မှုတစ်စုံတစ်ရာမရှိသေးကြောင်းသိရသည်။

#PAN #အပစ်အခတ်ရပ်စဲရေး #ဂါဇာကိုအစ္စရေးကလေကြောင်းတိုက်ခိုက်

အစ္စရေးနှင့် ဟားမတ်စ် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရပြီ – https://positiveanglenews.com/2025/01/16/အစ္စရေးနှင့်-ဟားမတ်စ်-အပ/