(နိုင်ငံတကာ) ဇန်နဝါရီ ၁၅
အိန္ဒိယစစ်တပ်သည် ၇၇ တပ်မတော်နေ့တွင် ခွေးစက်ရုပ်များ ထုတ်ဖော်ပြသခဲ့ကြောင်းသိရသည်။
အဆိုပါ စက်ရုပ်များသည် နယူးဒေလီအခြေစိုက် AeroArc ကုမ္ပဏီမှ ဒီဇိုင်းဆွဲတီထွင်ထုတ်လုပ်ထားပြီး ၂၀၂၄ ခုနှစ်အတွက် စက်ရုပ် ၁၀၀ ကိုလက်ခံရရှိခဲ့ကြောင်းသိရသည်။
အဆိုပါ စက်ရုပ်များသည် မတ်စောက်သော နေရာများသို့သွားလာနိုင်ပြီး ပြင်းထန်သည့် အပူချိန် အနှုတ် ၄၀ ဒီဂရီမှ အပေါင်း ၅၅ ဒီဂရီအထိ ခံနိုင်ရည်ရှိသည့်အပြင် ရေနှင့် ဖုန်မှုန့်များဒဏ်မှ ကာကွယ်ရန် IP-67 အဆင့်သတ်မှတ်ချက် ရရှိထားကြောင်းသိရသည်။
ထို့အပြင်အဆိုပါ စက်ရုပ်များသည် ညကြည့်ကင်မရာများ အပူအာရုံခံကင်မရာများ တပ်ဆင်ထားကြောင်းသိရသည်။
သတင်းအပြည့်အစုံဖတ်ရန် – https://positiveanglenews.com/2025/01/15/လေပြင်းတိုက်ခတ်မှုကြော/
#PAN #အိန္ဒိယတပ်မတော်နေ့ #ခွေးစက်ရုပ် #AeroArcကုမ္ပဏီ