
(မှုခင်း) အောက်တိုဘာ ၁
ရှမ်းပြည်တောင်ပိုင်း၊ ကျေးသီးမြို့နယ်တွင် အကောက်ခွန်မဲ့ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များကို ယာဥ်မောင်းများအတူဖမ်းဆီးရမိကြောင်း သိရသည်။
စက်တင်ဘာ ၂၈ ရက်က ကျေးသီးမြို့နယ်တွင် အကောက်ခွန်မဲ့ကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်၈ စီးနှင့် ယာဉ်မောင်း ၉ ဦးကို ဖမ်းဆီးရမိကြောင်း အဆိုပါ မော်တော်ယာဉ်များပေါ်မှ သိမ်းဆည်းရမိသည့် အကောက်ခွန်မဲ့ကုန်ပစ္စည်းများနှင့် ယာဉ်များ၏ စုစုပေါင်းခန့်မှန်းတန်ဖိုးမှာ ကျပ်သိန်း ၁၆၅၀ ခန့်ရှိကြောင်း သိရသည်။



ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များနှင့် ကုန်ပစ္စည်းများကို သက်ဆိုင်ရာဌာနများက စစ်ဆေးနေပြီး ဖမ်းဆီးခံရသူများအား ဥပဒေကြောင်းအရ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။