(မှုခင်း)အောက်တိုဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် အမျိုးသား၃ဦး ရေဆင်းချိုးရာမှ ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
စက်တင်ဘာ ၃၀ရက် ညနေ၅နာရီအချိန်က မလှိုင်မြို့နယ်၊ ထန်းပင်ကန်ကျေးရွာအုပ်စု၊ ညောင်ပင်တဲကျေးရွာ၊ ကျောက်စီရေကန်တွင် အမျိုးသား ၃ဦး ရေဆင်းချိုးရာမှ ရေနစ်နေကြောင်း သတင်းရရှိသဖြင့် မလှိုင်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ရေနစ်သေဆုံးသူအမျိုးသား ၃ဦးတို့အား ညောင်ပင်တဲကျေးရွာ လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မလှိုင်မြို့နယ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN