(နိုင်ငံတကာ) ဇန်နဝါရီ ၁၅
ရုရှားနိုင်ငံ ယာရိုဆလပ်ဒေသရှိ ကာကွယ်ရေးစီမံကိန်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအား အဆိပ်အတောက်ဖြစ်စေသည့် ဓာတုဗေဒပစ္စည်းများနှင့်တိုက်ခိုက်ရန် ကြံစည်မှုတစ်ရပ်ကို ရုရှား ပြည်ထောင်စုလုံခြုံရေးအဖွဲ့က တားဆီးနိုင်ခဲ့ကြောင်း ရုရှားမီဒီယာတစ်ခုတွင် ဇန်နဝါရီလ ၁၄ ရက်က ဖော်ပြ သည်။
အကြမ်းဖက်သမားများသည် ယူကရိန်း အထူးထောက်လှမ်းရေးအဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့အနေဖြင့် ယူကရိန်းနယ်မြေအတွင်းမှနေ၍ ပြည်ပနိုင်ငံများ၏ အင်တာနက်သတင်းတိုပေးပို့မှု အပလီကေးရှင်းများကို အသုံးပြု၍ စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း ရုရှားပြည်ထောင်စု လုံခြုံရေးအဖွဲ့က ဆက်ပြောသည်။
သို့သော် အသေးစိတ်ကို ဖော်ပြထားခြင်း မရှိပေ။
အဆိုပါ အကြမ်းဖက်တိုက်ခိုက်မှုကို ရုရှားနိုင်ငံသားတစ်ဦးက စီစဉ်ခဲ့ခြင်းဖြစ်ပြီး ၎င်းအား ရုရှားအာဏာပိုင် များ ထိန်းသိမ်းထားကြောင်း သိရသည်။
အကြမ်းဖက်တိုက်ခိုက်ရာတွင် အသုံးပြုမည့် ဓာတုအဆိပ်အတောက်များ သည် လူသားများ၏ အသက်ရှုလမ်းကြောင်းကို လောင်ကျွမ်းစေနိုင်သောကြောင့် အသက်အန္တရာယ်ရှိကြောင်း၊ ယင်းအဆိပ်အတောက်များကို ကာကွယ်ရေးစီမံကိန်း၏ ဝန်ထမ်းများ ကားရပ်နားရာ နေရာအတွင်းသို့ ပက်ဖျန်းရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း SN သတင်းဌာနတွင် ဖော်ပြထားသည်။
#PAN #ဓာတုပစ္စည်းများနှင့်တိုက်ခိုက်ရန်ကြံစည်မှု #ရုရှား