(ပြည်တွင်း) ဇန်နဝါရီ ၁၄
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ကရိတ်အာရှလမ်းဘေးရှိ တစ်မိုင်ကုန်းစစ်ဆေးရေးဂိတ်ကို လာရောက်တိုက်ခိုက်မည့် သောင်းကျန်းသူများစုဝေးနေသည့်သတင်းအရ နယ်မြေခံတပ်မှ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ရှင်းလင်းရာ သောင်းကျန်းသူ ၆ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ ၁၁ ဦး ရှိကြောင်း သိရသည်။
ကော့ကရိတ်မြို့နှင့် တစ်မိုင်နီးပါးသာကွာဝေးသည့် ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးဘေးရှိ တစ်မိုင်ကုန်းကျေးရွာအဝင်လမ်းထိပ်မှ စစ်ဆေးရေဂိတ်ကို KNU/KNLA လက်အောက်ခံ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းတို့မှ ဝင်ရောက်ပစ်ခတ်ရန် ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းက စုဖွဲ့နေကြောင်း သတင်းအရ ညနေ ၆ နာရီ ၁၁ မိနစ် အချိန်ခန့်တွင် နယ်မြေခံတပ်မှ လက်နက်ကြီးဖြင့် ၃ ကြိမ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
“လက်နက်ကြီးတွေတော့ကြားရတယ် ဆက်တိုက်ကြားရတာတော့မဟုတ်ဘူး ခြားခြားပြီး ကြားရတာ” ဟု ကော့ကရိတ်ဒေသခံတစ်ဦးက ပြောသည်။
ကော့ကရိတ်တောင်ပိုင်းတွင်လူပ်ရှားနေသော နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်း ပူးပေါင်းအဖွဲ့ ခန့်မှန်း အင်အား ၈၀ ခန့်စဝေးနေသည့် ပထမနေရာအား ညနေ ၆ နာရီ ၁၁ မိနစ် တွင်တစ်ကြိမ်၊ ဆုတ်ခွာပြီးပြန်လည်စုဝေးနေသည့် ဒုတိယနေရာအား ည ၇ နာရီ ၄၇ အချိန်တွင်တစ်ကြိမ်၊ ထပ်မံဆုတ်ခွာစုဝေးနေသည့်နေရားအား ည ည၁ဝ နာရီ ၂၅ မိနစ်အချိန်တွင်တစ်ကြိမ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
အဆိုပါလက်နက်ကြီးပစ်ခတ်ရှင်းလင်းမှုကြောင့် သောင်းကျန်းသူအဖွဲ့မှ ၆ ဦးသေဆုံးကာ ၁၁ ဒဏ်ရာရရှိခဲ့ပြီး သောင်းကျန်းသူများစုဝေးနေသည့်နေရာမှ ဆန်စက်တစ်လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
#PAN #ကော့ကရိတ်မြို့ #မြဝတီ_ကော့ကရိတ်အာရှလမ်း #နဂါးဖြူစစ်ကြောင်း #ကျားဖြူစစ်ကြောင်း #KNU