“အာဆင်နယ်အသင်းကို တစ်ယောက်လျော့နဲ့ အနိုင်ယူကာ နောက်တစ်ဆင့်တက်ရောက်ခဲ့တဲ့ မန်ယူအသင်း”

(အားကစား) ဇန်နဝါရီ ၁၃

FA ဖလား တတိယအဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ မန်ယူအသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ မန်ယူ အသင်းက အာဆင်နယ်အသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့ပြီး FA ဖလားနောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

FA ဖလားတတိယအဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ မန်ယူအသင်းနဲ့အာဆင်နယ်အသင်း တို့ပွဲစဉ်ဟာ အပြန်အလှန်တိုက်စစ်တွေနဲ့ အကြိတ်အနယ်ရှိခဲ့ပြီး ပထမပိုင်းပွဲချိန်ပြီးဆုံးချိန်အထိ သရေရလဒ်ဖြစ်ပေါ်နေခဲ့တာ ဖြစ်ပါ တယ်။

ဒုတိယပိုင်းမှာတော့ ဂါနာချိုရဲ့ ပေးပို့မှုူကနေ မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က မန်ယူအသင်း အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ပွဲချိန် ၆၁ မိနစ်မှာ မန်ယူအသင်းနောက်ခံလူ ဒါလော့ ဟာ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့သလို ပွဲချိန် ၆၂ မိနစ်မှာ အာဆင်နယ်အသင်းအတွက် ချေပဂိုးကို ဂါဘရီရဲလ်က ပြန်လည်သွင်းယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်အသင်း ဟာ တစ်ယောက်လျော့နဲ့ ကစားနေရတဲ့ မန်ယူအသင်းကို အကောင်းဆုံးဖိအားပေး ကစားထားနိုင်ခဲ့ပေမယ့် အဆုံးသတ်မသေချာခြင်းတွေကြောင့် ဂိုးရရှိခွင့်တွေ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲပြီးခါနီ ပွဲချိန် ၇၂ မိနစ်မှာ အာဆင်နယ်အသင်းက ပင်နယ်တီရရှိခဲ့ပြီး အိုဒီဂတ် ရဲ့ကန်ချက်ကို မန်ယူဂိုးသမားက အကောင်းဆုံးကာကွယ် ခဲ့ပါတယ်။

ဒါကြောင့် ပွဲပြီဆုံးချိန်မှာ တစ်ဖက်သရေ ရလဒ်ဖြစ်ပေါ်ခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်မှာ မန်ယူအသင်းက အာဆင်နယ်အသင်းကို ၅ ဂိုး ၃ ဂိုးဆိုတဲ့ ရလဒ်နဲ့ ‌FA ဖလား နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ‌FA ဖလား နောက်တစ်ဆင့်မှာ မန်ယူအသင်းဟာ ယာယီနည်းပြဟောင်း နစ္စတယ်ရွိုင်း ကိုင်တွယ်နေတဲ့ လက်စတာ အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။

#PAN #အာဆင်နယ် #မန်ယူ #FAဖလား