(ပြည်တွင်း) ဇန်နဝါရီ ၁၃
၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ တစ်နှစ်တာကာလအတွင်း ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တစ်ဆင့် EPS စနစ်နဲ့ မြန်မာလုပ်သား ၉,၉၃၆ ဦး စေလွှတ်နိုင်ခဲ့ကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးမှ သိရပါတယ်။
ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်နဲ့ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် လုပ်သားများ စေလွှတ်ပေးလျက်ရှိရာ ကုန်ထုတ်လုပ်ငန်းကဏ္ဍအတွက် အများဆုံး စေလွှတ်ထား ကြောင်း သိရပါတယ်။
၂၀၂၄ ခုနှစ်မှာ ကိုရီးယားနိုင်ငံသို့ EPS စနစ်နဲ့ မြန်မာအလုပ်သမား ၁၁,၀၀၀ ခန့်စေလွှတ်ရန် စီစဉ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် တစ်သောင်းနီးပါးသာ စေလွှတ်နိုင်ခဲ့ကြောင်း သိရပါတယ်။
အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနရဲ့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်နဲ့ လုပ်သားများစေလွှတ်လျက် ရှိရာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ၁၀,၆၁၁ ဦး စေလွှတ်ခဲ့ကြောင်း သိရပါတယ်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလနောက်ဆုံးရက်သတ္တပတ်(သို့မဟုတ်) ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းမှာ ကိုရီးယား ဘာသာအရည်အချင်းစစ်စာမေးပွဲ (EPS-TOPIK) နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှု လုပ်ငန်း အုပ်စု ၁) အောင်မြင်ပြီးသူများကို အလုပ်လျှောက်လွှာခေါ်ယူထားကြောင်းလည်း သိရပါတယ်။
#PAN #ကိုရီးယား #မြန်မာလုပ်သား