“လောကနန္ဒာစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မည်”

(ပြည်တွင်း) ဇန်နဝါရီ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံမြို့သီရိပစ္စယာရပ် အနော်ရထာမင်းကြီး၏ ကောင်းမှုတော် ဖြစ်တဲ့ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးကို ကြာခံနှစ်ဆင့်မှ ခရေသီးအထိ လုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူနိုင်ရေးအတွက် ဩဝါဒါစရိယဆရာတော်များထံမှ ရွှေသင်္ကန်းကပ်လှူနိုင်ရေးနှင့်စပ်လျဉ်းပြီး ဩဝါဒခံယူခြင်း နှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီလ ၈ ရက်က လောကနန္ဒာစွယ်တော်မြတ်စေတီအစည်းအဝေးခန်းမမှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီးရဲ့ ဩဝါဒါစရိယဆရာတော်များထံမှ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ ရွှေသင်္ကန်းကပ်လှူရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီဝင်များ၊ ဂေါပက အဖွဲ့ဝင်များက ဩဝါဒခံယူခဲ့ကြရာ ရွှေသင်္ကန်းကပ်လှူနိုင်ရေး လုပ်ငန်းဆောင်ရွက်ရာ၌ တာဝန်ယူ၊ တာဝန်ခံမှုဖြင့် ဆောင်ရွက်ရန် လုပ်ငန်းများဆောင်ရွက်ရာ၌ စေတီတော်ကြီးအား ထိခိုက်မှုမရှိစေဘဲ ရှေးမူမပျက်ဆောင်ရွက်ကြရန် လမ်းညွှန်ခဲ့ပြီး လောကနန္ဒာစွယ်တော် မြတ်စေတီတော်ကြီးအား ကြာခံနှစ်ဆင့်မှ ခရေသီးအထိ ရွှေသင်္ကန်းကပ်လှူ နိုင်ရေးဦးစီး ကော်မတီဥက္ကဋ္ဌအနေဖြင့် ရွှေသင်္ကန်းကပ်လှူဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား Time Frame ပါ လုပ်ငန်းစဉ်များနှင့် အညီ မိုးလေကင်းလွတ်သည့်ကာလအတွင်းမှာ အရည်အသွေးပြည့်မီစွာ အမြန်ပြီးစီးနိုင်ရန် ဆောင်ရွက်မည့် အစီအမံများ အား တင်ပြလျှောက်ထားကြပါတယ်။

ပါဝင်လှူဒါန်းလိုသူများအနေနဲ့ ၉ x ၉ လက်မပတ်လည်တစ်ချပ်ကို ၆၅,၀၀၀ ကျပ်နဲ့ လောကနန္ဒာဂေါပကအဖွဲ့ ရုံးဖုန်း ၀၉-၂၀၄၂၆ဝ၉၊ ဝ၉-၄၀၂၅၀ဝ၃၈၂၊ ၀၉-၂၅၉၀၁၁၁၀၈ လောကနန္ဒာစေတီတော်ကြီး ဘဏ္ဍာတော်ထိန်းဂေါပက အဖွဲ့သို့ အသေးစိတ်စုံစမ်းမေးမြန်းကာ လှူဒါန်းနိုင်ကြောင်း သိရပါတယ်။

#PAN #ပုဂံ #လောကနန္ဒာ #ရွှေသင်္ကန်းကပ်