(မှုခင်း)ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး ၊ အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာအုပ်စု၊ ဆောက်တောဝကျေးရွာရှိ ၆၂ လမ်းပေါ်တွင် Azure Co.Ltd မှ တာဝန်ယူကောက်ခံလျှက်ရှိသော ဘီးခွန်ဂိတ်၌ လက်လုပ်မိုင်း ၁လုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ ညနေ၅နာရီကျော်အချိန်က ဆောက်တောဝကျေးရွာ၊၆၂ လမ်းရှိ Azure Co.Ltd ဘီးခွန်ဂိတ်သို့ ၆၂ လမ်းအတိုင်း တောင်မှမြောက်သို့ အသက် ၃၀နှစ်ခန့် အမည်မသိ အမျိုးသား ၂ဦး မောင်းနှင်လာသည့် ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံးဖြင့် ပစ်ပေါက် ထွက်ပြေးခဲ့ရာ လက်လုပ်ဗုံးမှာ ဘီးခွန်ရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ လက်လုပ်ဗုံး ပေါက်ကွဲမှုကြောင့် ဘီးခွန်ဂိတ်တွင် ဘီးခွန်ကောက်ခံ နေသည့် ပြည့်ဖြိုးလင်း၊၂၁နှစ်၊(ဘ)ဦးနေလင်း၊ဘီးခွန်ငွေကောက်ဝန်ထမ်း၊၆၂ လမ်း၊ Azure Co•Ltd တိုးဂိတ်၊ဆောက်တောဝကျေးရွာနေသူတွင် နဖူးထိပ်ပေါက်ဒဏ်ရာ ၁ချက်(မစိုးရိမ်ရ) ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် လက်လုပ်ဗုံး၏အပိုင်းအစများစစ်ဆေးတွေ့ရှိရကြောင်း၊ ဒါဏ်ရာရရှိသူ ပြည့်ဖြိုးလင်းအား မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသထားကြောင်း သိရသည်။
#PAN #အမရပူရ #ဘီးခွန်ဂိတ် #PDF