အင်ဒိုနီးရှားနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုပမာဏ မြင့်တက်လာမည့် အလားအလာရှိ

(နိုင်ငံတကာ) ဇန်နဝါရီ ၁၂

အင်ဒိုနီးရှားနိုင်ငံက BRICS အဖွဲ့သို့ တင်းပြည့်အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ပြီးနောက်ပိုင်းတွင် နိုင်ငံအတွင်းသို့ BRICS အဖွဲ့ဝင်နိုင်ငံများမှ ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုပမာဏသည် မြင့်တက်လာမည့်အလားအလာရှိကြောင်း သိရသည်။

နိုင်ငံအတွင်းသို့ BRICS အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်ဝင်ရောက်လာခြင်းသည် နိုင်ငံ၏စီးပွားရေး တိုးတက်မှုကို တိုးမြှင့်ပေးနိုင်မည်ဖြစ်ပြီး ပြည်တွင်းစီးပွားရေးလုပ်ဆောင်မှုများ တိုးမြင့်လာခြင်းသည် အင်ဒိုနီးရှား အစုရှယ်ယာဈေးကွက်၏လုပ်ဆောင်မှုကို ပိုမိုတိုးတက်ကောင်းမွန်လာစေမည်ဖြစ်ကြောင်း အင်ဒိုနီးရှား အစုရှယ်ယာ ဈေးကွက်မှ ညွှန်ကြားရေးမှူး ဂျက်ဖရီဟင်းဒရစ် က ဇန်နဝါရီလ ၁၀ ရက်တွင် ပြောသည်။

အင်ဒိုနီးရှားနိုင်ငံအနေဖြင့် BRICS အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခြင်းအားဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ အကျိုး ဖြစ်ထွန်းမှုနှင့် စိုးရိမ်မကင်းဖြစ်မှုများကို အဓိကဖြေရှင်းရန်နှင့် အဖွဲ့ဝင်နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် လိုအပ်ကြောင်း အင်ဒိုနီးရှား အစုရှယ်ယာဈေးကွက်မှ တာဝန်ရှိသူများက တိုက်တွန်းထားသည်။

အင်ဒိုနီးရှားနိုင်ငံသည် BRICS အဖွဲ့ဝင်နိုင်ငံအဖြစ် ယခုရက်သတ္တပတ်အစောပိုင်းက ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

PAN #BRICS #အင်ဒိုနီးရှာ