
(နိုင်ငံတကာ) ဇူလိုင် ၁၃
ဘန်ကောက်မြို့မြောက်ပိုင်းရှိ နာမည်ကြီး အရက်ဆိုင်တစ်ဆိုင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ ၂၇ ဦး သေ ဆုံးပြီး ၆၃ ဦး ဒဏ်ရာရရှိခဲ့သည်။
“အသက်မဲ့နေတဲ့ ရုပ်အလောင်း ၂၇ လောင်းကို အပြင်ကို ရွှေ့ပြောင်းထုတ်ယူခဲ့ရပါတယ်” ဟု ထိုင်းဝန်ကြီးချုပ် အနူတင် ချန်းဗီရာကူလ်က တနင်္လာနေ့တွင် မီးလောင်ရာနေရာမှ ရုပ်မြင် သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။
“တချို့ကိုတော့ ဆေးရုံတွေကို ပို့ဆောင်ပေးထားပြီး သူတို့ရဲ့ ကျန်းမာရေးအခြေအနေတွေကို စစ်ဆေးနေပါတယ်” ဆိုင်တွင် ဖျော် ဖြေနေသည့် ဂီတပညာရှင်တစ်ဦးက စင်အနီးရှိ လျှပ်စစ်မီးခလုတ်ခုံ (circuit breaker) မှ မီးခိုးများထွက်လာသည်ကို မြင်တွေ့ခဲ့ရကြောင်း၊ ထို့နောက် မီးပြတ်သွားပြီး ပေါက်ကွဲသံကြားရကာ မီးခိုးလုံးကြီးများ ဆိုင်အတွင်းသို့ လျင်မြန်စွာ ပြည့်နှက်သွားကြောင်း ပြောပြခဲ့သည်ဟု အနူတင်က ဆိုသည်။


ထိခိုက်သေဆုံးသူ အများစုကို ဆိုင်၏အနောက်ဘက်ရှိ အိမ် သာများတွင် တွေ့ရှိခဲ့ရကြောင်း အနူတင်က ဖြည့်စွက်ပြောကြား သည်။
ကယ်ဆယ်ရေးအဖွဲ့များက အွန်လိုင်းတွင် မျှဝေထားသော ဗီဒီယိုဖိုင်များတွင် ထိုင်းမြို့တော်၏ မြောက်ပိုင်းရှိ Na Ladprao အရက်ဆိုင်၏ အရှေ့ဘက်တံခါးမှ မီး တောက်ကြီးများနှင့် မီးခိုးများ အူထွက်နေသည်ကို တွေ့ရသည်။ လူများမှာ ထူထဲသော မည်းမှောင်နေသည့် မီးခိုးလုံးကြီးများ ကောင်းကင်သို့ တက်လာနေစဉ် ထွက်ပြေးရန် ကြိုးစားနေသည်ကို တွေ့ရသည်။ မီးလောင်မှုကို သန်းခေါင် ယံအချိန်ခန့်တွင် သတင်းရရှိခဲ့ကြောင်း ကယ် ဆယ်ရေးသမားများက ပြောသည်။

မီးသတ်သမားများသည် မီးကို ထိန်းချုပ်နိုင်ရန် မိနစ် ၃၀ ခန့် ကြာမြင့်ခဲ့သည်။ မီးလောင်မှုအပြီး ဓာတ်ပုံများတွင် မီးလောင်ကျွမ်းထားသော စားပွဲခုံများနှင့် ကုလားထိုင်များ၊ ပျက်စီးသွားသော ဆိုင်၏ အတွင်းပိုင်းများကို တွေ့မြင်ရသည်။
Telegram»… https://t.me/positiveanglenews
#PAN