လက်ဖက်ရည်သောက်နေသည့် အရပ်သားတစ်ဦးကို PDF သတ်ဖြတ်

(မှုခင်း) ဇန်နဝါရီ ၁၂

မွန်ပြည်နယ် ကျိုက်ထိုမြို့ ကံ့ကော်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ Parrot လဖက်ရည်ဆိုင်တွင် ယနေ့ ​ဇန်နဝါရီ ၁၂ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က လက်ဖက်ရည်သောက်နေသည့် အရပ်သားတစ်ဦးအား PDF အကြမ်းဖက်များမှ ဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ် ကျိုက်ပိကျေးရွာ၊ မြောက်ပိုင်းတွင်နေထိုင်သည့် အသက် ၅၁ နှစ်အရွယ်ရှိ ဆန်းမင်းအေးဆိုသူသည် လဖက်ရည်ဆိုင်အတွင်း လက်ဖက်ရည်သောက်နေစဉ် သောင်းကျန်းသူအကြမ်းဖက် PDFအဖွဲ့မှ လက်နက်ငယ်ဖြင့်ပစ်ခတ်သွားသည့်အတွက် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆန်းမင်းအေးဆိုသူသည် လဖက်ရည်ဆိုင်အတွင်း လက်ဖက်ရည်သောက်နေစဉ် သောင်းကျန်းသူအကြမ်းဖက် PDF အဖွဲ့မှ လူငယ်(၁)ဦးသည် ဆိုင်ကယ်(အမျိုးအစား/အရောင်)စိစစ်ဆဲ(၁)စီးဖြင့် ဖက္ကလိပ်ကျေးရွာဘက်မှ Parrot လဖက်ရည်ဆိုင်သို့ရောက်ရှိလာပြီး ဆန်းမင်းအေး ထိုင်နေသည့် မျက်နှာချင်းဆိုင်စားပွဲတွင် ဝင်ရောက်ထိုင်ခဲ့ကာ ဒလန်ဟုစွပ်စွဲ၍ ပစ္စတိုဖြင့်(၃)ချက်ပစ်ခတ်ခဲ့သဖြင့် ဆန်းမင်းအေး ၏ ဝမ်းဗိုက်ယာဘက် ဖေါက်ဝင်ဒဏ်ရာ(၁)ချက်၊ မေးစေ့အောက် ဖေါက်ဝင်ဒဏ်ရာ(၁)ချက်၊ ဝဲနားရွက်အောက် ဖေါက်ဝင်ဒဏ်ရာ(၁)ချက်တို့ရရှိခဲ့ပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး သောင်းကျန်းသူအကြမ်းဖက် PDF အဖွဲ့မှ လူငယ်(၁)ဦးမှာ ဖက္ကလိပ်ကျေးရွာဘက်သို့ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါအခင်းဖြစ်ရာနေရာသို့ လုံခြုံရေးအဖွဲ့များရောက်ရှိပြီး လုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

#PAN #ကျိုက်ထို #PDF #အရပ်သားသတ်ဖြတ်ခံရ